ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ငွေကျပ်သိန်းပေါင်း ၁၅၀၀၀၀ ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေး များကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က တပ်မတော်ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့က လွှဲပြောင်းပေးတာ ဘိန်းဖြူ (၁၀.၂၈) ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား(၇၈၁၄၁) ပြား စုစုပေါင်းငွေ တန်ဖိုးကျပ်သိန်းပေါင်း (၁၅၉၆၇၄.၄) သိန်းဖြစ်တယ်ဟု ကျောက်မဲမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ သိရ သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၏ တာဝန်ရှိသူ စိုင်းဟန်က ကျောက်မဲမြို့ရှိစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါမူးယစ်ဆေးဝါးများ လွှဲပြောင်းပေးအပ်ပွဲသို့ ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေချစစ်ဗျူဟာ၊ ကျောက်မဲခရိုင်ရဲတပ်ဖွဲမှူးနှင့် အမှတ် ၂၄ မူးယစ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့သည်ဟု သိရသည်။
ရှမ်းပြည်လွတ်မြောက်ရေးကောင်စီ RCSS/SSA သည် အပစ်ရပ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး အဆိုပါသဘောတူစာချုပ်ပါ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးလုပ် ငန်းများ အတူလုပ်ဆောင်မည်ဟုသော အချက်ပါဝင်ခဲ့သည့်အတွက် မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းများ ကိုလုပ်ဆောင်နေကြောင်းလည်း သိရသည်။
"မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းတွေ ပူးပေါင်းတိုက်ဖျက်မယ်လို့ NCA လက်မှတ်ထိုးချိန်မှာ သဘောတူထား တာ အဲဒီမူးယစ်ဆေးတွေကို ဇန်နဝါရီလ ၁၃ ရက်နေ့က ကျောက်မဲ - မိုင်းလုံသွားကားလမ်းပေါ်မှာ ဖမ်းမိခဲ့တာ ကွတ်ခိုင်မြို့နယ် ကောင်းခါးဒေသက ကားနဲ့သယ်လာတာ''ဟု ရှမ်းပြည်လွတ်မြောက်ရေးကောင်စီ RCSS/SSA မှ ဦးစိုင်းဟန်က ပြောသည်။
ရှမ်းပြည်လွတ်မြောက်ရေးကောင်စီ RCSS/SSA က တပ်မတော်ထံ မူးယစ်ဆေးလွှဲပြောင်းပေးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။
Juno
Photo - ရဲတပ္ဖြဲ႕
#PeopleMedia #RCSS/SSA
(Unicode)
RCSS/SSA က ဖမ်းဆီးရမိထားသော သိန်းပေါင်း ၁၅၀၀၀၀ ကျော်ရှိ မူးယစ်ဆေးဝါးများကို တပ်မတော်ထံ လွှဲ ပြောင်း
………………………………………………………
ကျောက်မဲ၊ ဇန်နဝါရီ - ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ငွေကျပ်သိန်းပေါင်း ၁၅၀၀၀၀ ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေး များကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က တပ်မတော်ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့က လွှဲပြောင်းပေးတာ ဘိန်းဖြူ (၁၀.၂၈) ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား(၇၈၁၄၁) ပြား စုစုပေါင်းငွေ တန်ဖိုးကျပ်သိန်းပေါင်း (၁၅၉၆၇၄.၄) သိန်းဖြစ်တယ်ဟု ကျောက်မဲမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ သိရ သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၏ တာဝန်ရှိသူ စိုင်းဟန်က ကျောက်မဲမြို့ရှိစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါမူးယစ်ဆေးဝါးများ လွှဲပြောင်းပေးအပ်ပွဲသို့ ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေချစစ်ဗျူဟာ၊ ကျောက်မဲခရိုင်ရဲတပ်ဖွဲမှူးနှင့် အမှတ် ၂၄ မူးယစ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့သည်ဟု သိရသည်။
ရှမ်းပြည်လွတ်မြောက်ရေးကောင်စီ RCSS/SSA သည် အပစ်ရပ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး အဆိုပါသဘောတူစာချုပ်ပါ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးလုပ် ငန်းများ အတူလုပ်ဆောင်မည်ဟုသော အချက်ပါဝင်ခဲ့သည့်အတွက် မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းများ ကိုလုပ်ဆောင်နေကြောင်းလည်း သိရသည်။
"မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းတွေ ပူးပေါင်းတိုက်ဖျက်မယ်လို့ NCA လက်မှတ်ထိုးချိန်မှာ သဘောတူထား တာ အဲဒီမူးယစ်ဆေးတွေကို ဇန်နဝါရီလ ၁၃ ရက်နေ့က ကျောက်မဲ - မိုင်းလုံသွားကားလမ်းပေါ်မှာ ဖမ်းမိခဲ့တာ ကွတ်ခိုင်မြို့နယ် ကောင်းခါးဒေသက ကားနဲ့သယ်လာတာ''ဟု ရှမ်းပြည်လွတ်မြောက်ရေးကောင်စီ RCSS/SSA မှ ဦးစိုင်းဟန်က ပြောသည်။
ရှမ်းပြည်လွတ်မြောက်ရေးကောင်စီ RCSS/SSA က တပ်မတော်ထံ မူးယစ်ဆေးလွှဲပြောင်းပေးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။
Juno
Photo - ရဲတပ်ဖွဲ့
#PeopleMedia #RCSS/SSA
No comments:
Post a Comment