Monday, January 27, 2020

၀ူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူ ၈၀ အထိ မြင့်တက်လာပြီး ကူးစက်ခံရသူ ၂၈၀၀ ကျော်ရှိလာ

No photo description available.Image may contain: one or more people and people standing
တရုတ်နိုင်ငံတွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၈၀ ဦးအထိရှိလာနေပြီး ကူးစက်ခံရသူ ၂၇၆၁ ဦးရှိနေပြီဖြစ်ကာ တစ်ကမ္ဘာလုံးတွင် ရောဂါကူးစက်ခံရသူ ၂၈၁၁ ဦး ရှိလာကြောင်း တရုတ်အာဏာပိုင်များက ကြေညာချက်ထုတ်ပြန် သည်။

ယမန်နေ့က သေဆုံး ၅၆ ဦး ရှိနေရာမှ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သေဆုံးသူ ၈၀ ဦးအထိ မြင့်တက်လာကာ ကူးစက်ခံရသူ အရေအတွက်မှာလည်း ရာချီ နေ့စဉ် မြင့်တက်လာနေသည်။
အခြားသော ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပျံ့နှံ့လာနေပြီး ကူးစက်မှုအခြေအနေမှာ ထိန်းချုပ်ရန်ခက်ခဲနေကြောင်း သတင်းများက ဆိုသည်။
တရုတ်အာဏာပိုင်များ၏ အဆိုအရ ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် လူသည် အကောင်းပကတိဖြစ်နေစဉ် ရောဂါ အစပျိုးနေချိန်ကာလမှာပင် အခြားသူများကို ရောဂါပိုး ကူးစက်မှု ဖြစ်ပေါ်စေကြောင်း သိရှိရသည်။
Photo Credit - Getty Image

No comments:

Post a Comment

My Blog List