Tuesday, January 21, 2020

ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းမုန့်စျေးတန်းများအဖြစ် ၂၀၂၁ မတ်လတွင် ကျောင်းအားလုံး၏ ၈၀ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်မည်

Image may contain: one or more people, food and indoorImage may contain: one or more people and people standing

ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းမုန့်စျေးတန်းအဖြစ် ၂၀၂၁ ခုနှစ် မတ်လတွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းအားလုံး၏ ၈၀ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဇန်နဝါရီလတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာရေး) မှ ဒေါက်တာဖြူဖြူအေး၏ တင်ပြချက်အရ သိရသည်။

“မွန်ပြည်နယ်မှာ ကျောင်းမုန့်စျေးတန်း ဆင်းစစ်ခြင်းကို တစ်ပတ်တစ်ကြိမ်ပြုလုပ်သွားပါမယ်။ အဓိက ရည်ရွယ်ချက်ကတော့ အ ခြေခံ ပညာကျောင်းတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကျောင်းမုန့်စျေးတန်းတွေ ဖန်တီးပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်း သူတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးစေဖို့ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွင်း မုန့်စျေးတန်းရှိသော ကျောင်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် မုန်စျေးတန်းများဖြစ် စေရေး ၂၀၂၀ ဇွန်လမှ အောက်တိုဘာလ အထိ ၃၀ ရာခိုင်နှုန်း၊ ၂၀၂၀ အောက်တိုဘာလမှ ဒီဇင်ဘာလ အထိ ၅၀ ရာခိုင်နှုန်း၊ ၂၀၂၀ ဒီဇင်ဘာမှ ၂၀၂၁ မတ်လအထိ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးရန်လျာထားကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှလည်း အန္တရာယ်ရှိသော အသင့်စားမုန့်များ အခြေခံပညာကျောင်း များတွင် ရောင်းချခြင်းမပြုရန် ရောင်းချသူများအား ခံဝန်ထိုးခိုင်းခြင်း၊ သိမ်းဆည်းခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Image may contain: one or more people and people standing
မင်းသီဟန်(အကုန်သိသတင်းဌာန) 
Unicode Version

No comments:

Post a Comment

My Blog List