Tuesday, January 21, 2020

မြို့သစ်မြို့ လွှတ်လပ်ရေးပန်းခြံဝန်းအတွင်း ဗိုလ်ချုပ် အောင်ဆန်း ပုံတူကြေးသွန်းရုပ်တု စတင်စိုက်ထူ

Image may contain: one or more people, people standing and nightImage may contain: one or more people, people standing and night
မကွေးခရိုင်၊ မြို့သစ်မြို့၊ လွတ်လပ်ရေးပန်းခြံဝန်းအတွင်း မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးသွန်းရုပ်တုကို ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၈ နာရီမှာ စတင်စိုက်ထူခဲ့တယ်လို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဗိုလ်ချုပ်ပုံတူ ကြေးသွန်းရုပ်တုကို ဇန်နဝါရီလ ၁၉ ရက်နေ့ညက မန္တလေးမြို့ကနေ ကျောက်ပန်းတောင်းမြို့၊ချောက်မြို့၊ရေနံချောင်းမြို့၊နတ်မောက်မြို့‌ တွေကို ဖြတ်ကျော်လှည့်လည်ကာ သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ပုံတူ ကြေးသွန်းရုပ်တုရဲ့ အောက်ပလင်ခုံဟာ အလျားက ၁၃ ပေ၊ အနံက ၁၁ ပေ၊ အမြင့် ၆ ပေ ရှိပါတယ်။ ပလ္လင်ပေါ်ကခုံဟာ ပိရမစ်ခုံပုံသဏ္ဍာန်ရှိပြီး အမြင့်၈ပေရှိပါတယ်။ဗိုလ်ချုပ်ကြေးရုပ်ရဲ့အမြင့်ကတော့ ၉ပေ ၈လက်မရှိပြီး ရုပ်တုရဲ့တန်ဘိုးဟာ သိန်း၁၂၀ရှိတယ်လို့သိရပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူပွဲအခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။
Image may contain: one or more people and night
Image may contain: one or more people, people playing sports and football


သတင်း - လှိုင်ဘွား ( မြို့သစ် )

No comments:

Post a Comment

My Blog List