မန္တလေးမြို့တွင် အခြေခံပညာကျောင်းများတွင် စာသင်ကာလတိုးမြှင့်ခြင်းအား ကန့်ကွက်ကြောင်းနှင့် အမြန်ဆုံးဖျက်သိမ်းပေးရေးကို ဇန်နဝါရီလ ၂၀ ရက်က ပညာရေးကောလိပ်မှ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့သည်။
ယင်းဆန္ဒပြတောင်းဆိုမှုတွင် မန္တလေးပညာရေးကောလိပ်နှင့် မုံရွာပညာရေးကောလိပ်တို့မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ပြီး အာဏာရှင်ဆန်သော ပညာရေးစနစ် အလိုမရှိ၊ အခြေခံပညာစာမေးပွဲကာလ တိုးမြှင့်ခြင်းအား ပြန်လည်ဖျက်သိမ်းပေးရေး ဒို့အရေး စသည့် ကြွေးကြော်သံများဖြင့် ၆၆ လမ်း ၃၅ လမ်း ထောင့်မှ မနော်ရမ္မံလူထုဟစ်တိုင်ကွင်း သို့ ချီတက်ခဲ့ကြသည်။
"အခြေခံပညာရေးမှာ စာသင်ကာလကို နောက်ဆုတ် လိုက်တာဟာ အာဏာရှင်ဆန်နေတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုက ဒီမိုကရေစီမဆန်ဘူး။ အခုပညာရေးဝန်ကြီးဌာန က စာသင်ကာလနောက်ဆုတ်တယ်ဆိုတာပဲပြောနေပြီး ဘာတွေ ဘယ်လိုဆက်လုပ်မယ်ဆိုတာမပြောဘူး။ တကယ်က ဒီစာသင်ကာလတိုးတာ ကျောင်းသား ကျောင်းသူတွေအတွက်ရော ဆရာ ဆရာမတွေအတွက်ရော ကောင်းကျိုးမရနိုင်ဘူး။ ဒါ့ကြောင့် ဒီစာသင်ကာတိုးတာကို ဖျက်သိမ်းပေးစေလိုတယ်" ဟု မန္တလေးပညာရေးကောလိပ်မှ ကိုအောင်စိုးဝေ က ပြောသည်။
အခြေခံပညာ စာမေးပွဲကာလ တိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ဖဲကြိုးစိမ်း လှုပ်ရှားမှုများကို ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များတွင် ဇန်နဝါရီလ ၇ ရက်က စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးတက္ကသိုလ်များ၊ ကောလိပ်များတွင် လုပ်ဆောင်လျှက်ရှိပြီး ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာမှ ဆရာ ဆရာမများ ကျောင်းသားသမဂ္ဂများ နှင့် ညှိနှိုင်းတိုင်ပင်ပြီး အသစ်ပြန်လည်သတ်မှတ်သည့် အချိန်မှသာ အဆိုပါ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ရပ်နားသွားမည်ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီ က ထုတ်ပြန်ထားသည်။
အခြေခံပညာအသီးသီး၏ ကျောင်းတွင်းစစ်စာမေးပွဲများအား တက္ကသိုလ်ဝင်တန်းပြီးဆုံးသည့်အချိန်တွင် စစ်ဆေးရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ၂၀၁၉ ဒီဇင်ဘာလ ၂၀ ရက်နေ့က စာထုတ်ခဲ့သည်။
(Zawgyi)
မန္တလေးအခြေခံပညာကျောင်းများတွင် စာသင်ကာလ တိုးမြှင့်ခြင်းကို အမြန်ဆုံးဖျက်သိမ်းပေးရန် ဆန္ဒပြ

#TheFifthWaveNews.
No comments:
Post a Comment