Thursday, January 16, 2020

ငြိမ်းစုစီ ဥပဒေ ပုဒ်မများနှင့် စွဲချက်တင်ခံရပြီးနောက် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မှု မလုပ်ဟု ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်နော်အုံးလှက ပြော

Image may contain: 10 people, people smiling, people standing and outdoorImage may contain: 7 people, people standing and outdoor
ကရင်ပြည်နယ် မြဝတီမြို့နယ်တရားရုံးတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ ၂၀ တို့နှင့် စွဲချက်တင် အမိန့် ချမှတ်ခံရပြီးနောက် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည် မဟုတ်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ ဒေါ်နော်အုံးလှက ပြောသည်။

"ရွှေမြစန္ဒီ အိမ်ရာကိစ္စမှာ အန်တီကဒေသခံတွေရဲ့ မတရားခံရတဲ့ကိစ္စကို ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်လို့ဆိုပြီး မနေ့က တရားရုံးက စွဲချက်တင် အမိန့်ချတာ။ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ၂၀နဲ့ ပါပဲ။ အန်တီကတော့ တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မှာ မဟုတ်ဘူး ဆိုတာ တရားသူကြီးကိုလည်း ပြောပြီးပါပြီ။ လိုအပ်ရင် တရားရုံးကို သပိတ်မှောက် ဆန္ဒပြသွားမှာပါ" ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းက ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်းရှိ ရွှေမြစန္ဒီ အိမ်ရာ၌ နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားများ နေအိမ်မှ ဖယ်ရှားခံရသည့် ကိစ္စတွင် ဒေါ်နော်အုံးလှက ဦးဆောင်ဆန္ဒပြသည်ဟု ဆိုကာ မြဝတီမြို့နယ် တရားရုံးက ဇန်နဝါရီ ၁၄ ရက်တွင် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
“ပြည်သူလူထုအပေါ် မတရားလုပ်လို့ အန်တီတို့က ဆန္ဒပြခဲ့တာ။ အဲဒီလို လုပ်တဲ့ အချိန်မှာလည်း ဥပဒေအတိုင်း နိုင်ငံသားတစ်ဦးရဲ့ အခွင့်ရေးအရ ဥပဒေနဲ့အညီ လုပ်ခဲ့တာပဲ တရားစွဲတာက အာဏာပိုင်တွေရဲ့ အပိုင်းပါပဲ။ အန်တီကတော့ လက်မခံတဲ့အတွက် တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘာမှလုပ်မှာ မဟုတ်ဘူး” ဟု ဒေါ်နော်အုန်းလှက ပြောသည်။

ကိုဖူးသစ်
<Zawgyi>
ငြိမ်းစုစီ ဥပဒေ ပုဒ်မများနှင့် စွဲချက်တင်ခံရပြီးနောက် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မှု မလုပ်ဟု ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်နော်အုံးလှက ပြော


ကရင်ပြည်နယ် မြဝတီမြို့နယ်တရားရုံးတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ ၂၀ တို့နှင့် စွဲချက်တင် အမိန့် ချမှတ်ခံရပြီးနောက် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည် မဟုတ်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ ဒေါ်နော်အုံးလှက ပြောသည်။
"ရွှေမြစန္ဒီ အိမ်ရာကိစ္စမှာ အန်တီကဒေသခံတွေရဲ့ မတရားခံရတဲ့ကိစ္စကို ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်လို့ဆိုပြီး မနေ့က တရားရုံးက စွဲချက်တင် အမိန့်ချတာ။ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ၂၀နဲ့ ပါပဲ။ အန်တီကတော့ တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မှာ မဟုတ်ဘူးဆိုတာ တရားသူကြီးကိုလည်း ပြောပြီးပါပြီ။ လိုအပ်ရင် တရားရုံးကို သပိတ်မှောက် ဆန္ဒပြသွားမှာပါ" ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းက ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်းရှိ ရွှေမြစန္ဒီ အိမ်ရာ၌ နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားများ နေအိမ်မှ ဖယ်ရှားခံရသည့် ကိစ္စတွင် ဒေါ်နော်အုံးလှက ဦးဆောင်ဆန္ဒပြသည်ဟု ဆိုကာ မြဝတီမြို့နယ် တရားရုံးက ဇန်နဝါရီ ၁၄ ရက်တွင် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
“ပြည်သူလူထုအပေါ် မတရားလုပ်လို့ အန်တီတို့က ဆန္ဒပြခဲ့တာ။ အဲဒီလို လုပ်တဲ့အချိန်မှာလည်း ဥပဒေအတိုင်း နိုင်ငံသားတစ်ဦးရဲ့ အခွင့်ရေးအရ ဥပဒေနဲ့အညီ လုပ်ခဲ့တာပဲ တရားစွဲတာက အာဏာပိုင်တွေရဲ့ အပိုင်းပါပဲ။ အန်တီကတော့ လက်မခံတဲ့အတွက် တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘာမှလုပ်မှာ မဟုတ်ဘူး” ဟု ဒေါ်နော်အုန်းလှက ပြောသည်။
ကိုဖူးသစ်

No comments:

Post a Comment

My Blog List