Wednesday, January 15, 2020

ဆရာ၊ဆရာမများသည် ငွေဝယ်ကျွန် မဟုတ်၊ လစာပေး၍ ခိုင်းချင်ရာ ခိုင်းသဘောက စော်ကားလွန်းဟု ဖဲကြိုးစိမ်းလှုပ်ရှားသူများ ေျပာဆို


Image may contain: 7 people, people sitting
အခြေခံစာသင်ကျောင်းများ မတ်လကုန်ထိ တက်ရောက်ရမည်ဟု ပညာရေးဝန်ကြီးဌာန ပြောဆိုချက်သည် ပိုက်ဆံပေးပြီး ခိုင်းချင်သလိုခိုင်းမည် ဆိုသော သဘောဖြစ်၍ စော်ကားလွန်းရာကျနေကာ ကျောင်းဆရာဆရာမများသည် ငွေဝယ်ကျွန်မဟုတ်ကြောင်း ယမန်နေ့ကျင်းပပြုလုပ်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်သူများက ပညာရေးဝန်ကြီးဌာနသို့ ပြောဆိုလိုက်သည်။
" ကျွန်တော်တို့ကျောင်းဆရာတွေအနေနဲ့ ပြောချင်တာက တစ်ခွန်းတည်းရှိတယ်။ကျွန်တော်တို့ ကျောင်းဆရာ ဆရာမတွေက ငွေဝယ်ကျွန်တွေမဟုတ်ပါဘူး။ ခိုင်းချင်သလိုခိုင်းမယ်။ ပိုက်ဆံပေးပြီးခိုင်းမယ်ဆိုတဲ့ဟာက စော်ကားလွန်းရာကျပါတယ်။ နိုင်ငံ့ဝန်ထမ်း ဥပဒေမှာကြည့်မယ်ဆိုရင် နွေရာသီ၃လက အားလပ်ရက်ရှည်ဖြင့် နားခွင့်ပေးထားတာဖြစ်တယ်။ ဒါဟာ ပညာရေးလိုအပ်ချက်အရပေးထားတာဖြစ်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်ဆိုတာ ကျောင်းဆရာ ဆရာမ သို့မဟုတ် ကျောင်းသား ကျောင်းသူ အတွက်ကတော့ ကျွန်တော်တို့ ဘက်ထရီ တစ်ခုလိုပဲ အားသွင်းရသလိုပဲ နားချိန်ရှိမှ ပညာရေးက ဖွံ့ဖြိုးတိုးတက်မှာပါ"ဟု တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီက ဦးသန်းထိုက်အောင်က ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများ မတ်လကုန်ထိ ဖွင့်လှစ်ရန်သတ်မှတ်လိုက်ခြင်းသည် ဆရာ ဆရာမများအတွက် နှစ်စဉ် မတ်လကုန်ထိတက်ရောက်နေရသည့်အတွက် ပြဿနာမရှိသော်လည်း စာမေးပွဲနောက်ဆုတ်လိုက်ခြင်းကြောင့် စာစစ်ချိန်များအခက်အခဲအနည်းငယ်ဖြစ်နိုင်ကြောင်း တက္ကသိုလ်ဝင်တန်းဖြေဆိုနေချိန်တွင် အခြေခံ ကျောင်းသူကျောင်းသားများ ကျောင်းမတက်ရောက်ရသည့်အတွက် နယ်မှကျောင်းတက်ရသော ကလေးများ ရေမြေခြားတွင် မိဘများအလုပ်အကိုင်သွားရောက်လုပ်ကိုင်ရသည့် ကျောင်းသူကျောင်းသားများအတွက် နေရေးထိုင်ရေးနှင့် ပတ်သက်ပြီးအခက်အခဲများစွာဖြစ်ပေါ်နိုင်သည်ဟု ဖဲကြိုးစိမ်းလှုပ်ရှားသူများက ထောက်ပြပြောဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် စနစ်တစ်ခုပြောင်းလဲလိုလျှင် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ မိဘများ သုံးပွင့်ဆိုင်တွေ့ဆုံညှိနိှုင်းကာ မူဝါဒများချမှတ်လုပ်ဆောင်သင့်ပြီး ယခုကဲ့သို့ အောက်ခြေအား မေးမြန်းခြင်းမရှိဘဲ လုပ်ဆောင်ခြင်းသည် အာဏာရှင်အကြွင်းအကျန် စိတ်ဓာတ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးသန်းထိုက်အောင်က ပြောဆိုသည်။

အခြေခံပညာကျောင်းများ မတ်လကုန်ထိ တက်ရောက်ခိုင်းသည့်အပေါ် ဇန်နဝါရီ ၁၄ရက်မှ ဇန်နဝါရီ ၂၄ရက်နေ့ထိဖဲကြိုးလှုပ်ရှားမှုဦးဆောင်ကော်မတီ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဗဟို အလုပ်မှုဆောင် ကော်မတီ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကာ်မတီတို့က မြန်မာနိုင်ငံ အနှံ့အပြားရှိ ကျောင်းဆရာ ဆရာမများ ကျောင်းသားမိဘများ ပြည်သူများ၏ သဘောဆန္ဒကို ကောက်ခံသော လှုပ်ရှားမှုများပြုလုပ်သွားမည်ဖြစ်ကာ ဇန်နဝါရီလ ၂၄ရက်နေ့ထိ ပညာရေးဝန်ကြီးဌာနက တစုံတစ်ရာ ပြောင်းလဲမှု မရှိခဲ့လျှင် ဆက်လက်လှုပ်ရှားမည့် အစီအစဉ်များကို သတင်းစာရှင်းလင်းပွဲ ထပ်မံ ပြုလုပ်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေးဥပဒေကို လျစ်လျူရှုကာ ဗဟိုချုပ်ကိုင်မှုဖြင့် မလျော်သြဇာသုံး ဖိနှပ်ပြောဆိုမှုများ ဆက်လက် လုပ်ဆောင်မည်ဆိုလျှင် ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို တရားဥပဒေနှင့်အညီ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကာ ဖြစ်ပေါ်လာသော အကျိုးဆက်များသည် ပညာရေးဝန်ကြီးဌာန၏ တာဝန်သာ ဖြစ်ကြောင်း ဖဲကြိုးလှုပ်ရှားမှုဦးဆောင်ေကာ်မတီ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဗဟိုအလုပ်မှုဆောင် ကော်မတီ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကာ်မတီတို့က ယမန်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန် သတိပေးထားသည်။

No comments:

Post a Comment

My Blog List