ဟာသ သရုပ်ဆောင် ဗေလုဝဟာ ဦးနှောက်သွေးပိတ်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။
လတ်တလောမှာတော့ ရောဂါအခြေအနေကို ဆေးရုံမှာ စောင့်ကြည့်နေရပြီး ဗေလုဝကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးသွားကုဖို့ အစီအစဉ်ရှိတယ်လို့ မိသားစုဝင်များက ဧရာဝတီကို ပြောပါတယ်။
ဒါပေမဲ့ ဆရာဝန်က ဗေလုဝကို လေယာဉ်စီးခွင့် မပြုသေးတာကြောင့် ရန်ကုန်မှာပဲ ဆက်လက် ကုသနေရတယ်လို့ သိရပါတယ်။
သတင်းနှင့် ဓာတ်ပုံ - ချစ်ပိုး/ဧရာဝတီ
No comments:
Post a Comment