Friday, January 17, 2020

တန်ရာတန်ကြေးမပေးဘဲ အနုပညာစျေးဖြတ်တဲ့ ပရဟိတပွဲတွေအကြောင်း ပြောပြလာတဲ့ စိုးပြည့်ပြည့်စံ


Image may contain: 1 person, smiling, standing
အနုပညာလောကမှာ မှန်ကန်ပြီး ပျော်ရွှင်စွာရပ်တည်ဖို့ ခက်ခဲလာလို့ စီးပွားရေးဘက်ပြောင်းဖြစ်တာပါလို့ ပြောလာ သူကတော့ တေးသံရှင် စိုးပြည့်ပြည့်စံပါပဲ။
ရှယ်ပဲ ရှူးရှဲချဉ်စပ်ထောင်းဆိုင်ဖွင့်လှစ်ပြီး စီးပွား ရေးလောကကိုရောက်လာတဲ့ သူမက ှငညါူန သြအ့နမ တွေအတွက်လည်း နေရာပေးချင်တယ်လို့ ပြောပါတယ်။

“ညီမ အခုဒီဆိုင်လေးဖွင့်ပြီး စီးပွားရေးဘက် လုပ်ဖြစ်လာတာက အနုပညာအလုပ်က ခုနောက် ပိုင်း မှန်မှန်ကန်ကန် ရပ်တည်ရတာခက်ခဲလာလို့ပါ။ တကယ်တော့ ကိုယ်က နာမည်ကြီး အနုပညာရှင်ထဲမှာတော့မပါပါဘူး။ ဒါပေမဲ့လည်း ကိုယ့်အနုပညာနဲ့ ကိုယ့်ပရိသတ်နဲ့ တော့ ရှိနေခဲ့တယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတစ်ခုမှာ၊ နေရာလေးတစ်ခု မှာ ကိုယ်က မှန်မှန်ကန်ကန်နဲ့ ရပ်တည်ချင်တယ်။ ဒါပေမဲ့ ဒီဘက်ခေတ်ကျတော့ အနုပညာကို ခေါင်းစဉ် တပ်ပြီးလုပ်စားလာကြတဲ့သူတွေ ရှိလာတယ်။ ထားပါတော့။ ပရဟိတပွဲတွေလုပ်တယ်။ စိုးပြည့်တို့ကတော့ အနုပညာ ကြေးမယူဘဲသွားဆိုပေးတယ်။ ဒါပေမဲ့ တကယ်ကျတော့ ပွဲက ဝင်ကြေးနဲ့လုပ်တဲ့ပွဲဖြစ်နေတယ်။ ရှိုးပွဲတွေငှားတယ်။ တန်ရာတန်ကြေးမပေးချင်ကြဘူး။ အဲဒီလိုဆိုတော့ ရေရှည်ဒီအလုပ်နဲ့ရပ်တည်ရတာ ပိုခက်ခဲလာတယ်။ ပြီးတော့ ကိုယ်က ဒီအလုပ်မှာ အရမ်းနာမည်ကြီးမဟုတ်သေးတော့ ရပ်တည်ရတာ ပိုခက်လာတယ်။ အဲဒါ ကြောင့်စိတ်ကုန်လာတယ်။ သေချာခိုင်မာတဲ့ အလုပ်တစ်ခုအဖြစ် စီးပွားရေးဘက်ကို ပြောင်းလုပ်မှဖြစ်မယ်ဆိုပြီး စဉ်းစားပြီးလုပ်ဖြစ်တာပါ။ ဒီဆိုင်ဖွင့်တာလည်း စိုးပြည့်မှာရည်ရွယ်ချက်ရှိပါ တယ်။ စီးပွားရေးလုပ်ရင်းနဲ့ ှငညါူန သြအ့နမ တွေအတွက် အလုပ်ပေးချင်တာပါ။ စိုးပြည့်ဆိုင်မှာ သူတို့အတွက် နေရာပေးပြီး အလုပ်ပေးသွားဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

စောရတီနိုင်
Unicode
တန်ရာတန်ကြေးမပေးဘဲ အနုပညာစျေးဖြတ်တဲ့ ပရဟိတပွဲတွေအကြောင်း ပြောပြလာတဲ့ စိုးပြည့်ပြည့်စံ

အနုပညာလောကမှာ မှန်ကန်ပြီး ပျော်ရွှင်စွာရပ်တည်ဖို့ ခက်ခဲလာလို့ စီးပွားရေးဘက်ပြောင်းဖြစ်တာပါလို့ ပြောလာ သူကတော့ တေးသံရှင် စိုးပြည့်ပြည့်စံပါပဲ။

ရှယ်ပဲ ရှူးရှဲချဉ်စပ်ထောင်းဆိုင်ဖွင့်လှစ်ပြီး စီးပွား ရေးလောကကိုရောက်လာတဲ့ သူမက ှငညါူန သြအ့နမ တွေအတွက်လည်း နေရာပေးချင်တယ်လို့ ပြောပါ တယ်။

“ညီမ အခုဒီဆိုင်လေးဖွင့်ပြီး စီးပွားရေးဘက် လုပ်ဖြစ်လာတာက အနုပညာအလုပ်က ခုနောက် ပိုင်း မှန်မှန်ကန်ကန် ရပ်တည်ရတာခက်ခဲလာလို့ပါ။ တကယ်တော့ ကိုယ်က နာမည်ကြီး အနုပညာရှင်ထဲမှာတော့မပါပါဘူး။ ဒါပေမဲ့လည်း ကိုယ့်အနုပညာနဲ့ ကိုယ့်ပရိသတ်နဲ့ တော့ ရှိနေခဲ့တယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတစ်ခုမှာ၊ နေရာလေးတစ်ခု မှာ ကိုယ်က မှန်မှန်ကန်ကန်နဲ့ ရပ်တည်ချင်တယ်။ ဒါပေမဲ့ ဒီဘက်ခေတ်ကျတော့ အနုပညာကို ခေါင်းစဉ် တပ်ပြီးလုပ်စားလာကြတဲ့သူတွေ ရှိလာတယ်။ ထားပါတော့။ ပရဟိတပွဲတွေလုပ်တယ်။ စိုးပြည့်တို့ကတော့ အနုပညာ ကြေးမယူဘဲသွားဆိုပေးတယ်။ ဒါပေမဲ့ တကယ်ကျတော့ ပွဲက ဝင်ကြေးနဲ့လုပ်တဲ့ပွဲဖြစ်နေတယ်။ ရှိုးပွဲတွေငှားတယ်။ တန်ရာတန်ကြေးမပေးချင်ကြဘူး။ အဲဒီလိုဆိုတော့ ရေရှည်ဒီအလုပ်နဲ့ရပ်တည်ရတာ ပိုခက်ခဲလာတယ်။ ပြီးတော့ ကိုယ်က ဒီအလုပ်မှာ အရမ်းနာမည်ကြီးမဟုတ်သေးတော့ ရပ်တည်ရတာ ပိုခက်လာတယ်။ အဲဒါ ကြောင့်စိတ်ကုန်လာတယ်။ သေချာခိုင်မာတဲ့ အလုပ်တစ်ခုအဖြစ် စီးပွားရေးဘက်ကို ပြောင်းလုပ်မှဖြစ်မယ်ဆိုပြီး စဉ်းစားပြီးလုပ်ဖြစ်တာပါ။ ဒီဆိုင်ဖွင့််တာလည်း စိုးပြည့်မှာရည်ရွယ်ချက်ရှိပါ တယ်။ စီးပွားရေးလုပ်ရင်းနဲ့ ှငညါူန သြအ့နမ တွေအတွက် အလုပ်ပေးချင်တာပါ။ စိုးပြည့်ဆိုင်မှာ သူတို့အတွက် နေရာပေးပြီး အလုပ်ပေးသွားဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

စောရတီနိုင်

No comments:

Post a Comment

My Blog List