Thursday, January 16, 2020

အမျိုးသမီးများ အကြမ်းဖက်ခံရမှု အသိပညာပေး ပန်းချီကားများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထင်ရှားသည့် ကမ္ဘာကျော်အမျိုးသမီးအချို့၏ ပုံများ ပါဝင်ခဲ့

Image may contain: 7 people, text
အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို သတိပြုအာရုံစိုက်လာစေရေး ရည်ရွယ်ကာ အီတလီပန်းချီဆရာ အလက်ဇန်ဒရို ပလမ်ဘို က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမေရိကန် သမ္မတဟောင်း ကတော်တွေဖြစ်တဲ့ မီချယ် အိုဘားမားနဲ့ ဟီလာရီကလင်တန်၊ ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာ မာကယ်လ်တို့ရဲ့ မျက်နှာတွေကို ရိုက်နှက် ဒဏ်ရာရထားတဲ့အသွင် ပုံတူပန်းချီပိုစတာတွေရေးဆွဲကာ မီလန်မြို့မှာ ပြသထားခဲ့ပါတယ်။


“ကျွန်မ အမျိုးသမီးတစ်ယောက် ဖြစ်နေလို့သာပါ” လို့အမည်ပေးထားတဲ့ ယင်း လမ်းပေါ် ပန်းချီ လှုပ်ရှားမှုမှာ အမေရိကန် ဒီမိုကရက်တစ် အမျိုးသမီး လွှတ်တော်အမတ် အလက်ဇန္ဒြီးယား အိုကာစီယို ကော်တက်ဇ်နဲ့ အိန္ဒိယ အဓိက အတိုက်အခံပါတီခေါင်းဆောင် ဆိုနီယာ ဂန္ဒီတို့ရဲ့ မျက်နှာဒဏ်ရာရပုံ တွေလည်း ပါဝင်ခဲ့ပါတယ်။
ကမ္ဘာတဝန်းက အမျိုးသမီး သန်းပေါင်းများစွာ ကြုံတွေ့ခံစားနေရတဲ့ ဖြစ်ရပ်ကို သရုပ်ဖော်ပြခြင် ြဖြစ်ကာ ယင်းဖြစ်ရပ်ကို ရှုတ်ချခြင်း၊ အာရုံစိုက်သတိပြုစေခြင်းနဲ့ အင်စတီကျူးရှင်းတွေနဲ့ နိုင်ငံရေးလောကမှ စစ်မှန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ရရှိစေခြင်းတို့အတွက် ရည်ရွယ်ကြောင်း ပလမ်ဘိုက ပြောဆိုခဲ့ပါတယ်။
အမျိုးသမီးတွေ အကြမ်းဖက်ခံနေရမှုဟာ ကမ္ဘာ့ပြဿနာတစ်ခုဖြစ်နေပြီး လူမျိုး ဘာသာ အဆင့်အတန်း မရွေး တွေ့ကြုံခံစားနေရတာဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါတယ်။


Ref : The Local.it
ကိုလင်း ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>
အမျိုးသမီးများ အကြမ်းဖက်ခံရမှု အသိပညာပေး ပန်းချီကားများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထင်ရှားသည့် ကမ္ဘာကျော်အမျိုးသမီးအချို့၏ ပုံများ ပါဝင်ခဲ့
--- ကိုလင်း ( အကုန်သိ သတင်းဌာန ) ---
အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို သတိပြုအာရုံစိုက်လာစေရေး ရည်ရွယ်ကာ အီတလီပန်းချီဆရာ အလက်ဇန်ဒရို ပလမ်ဘို က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမေရိကန် သမ္မတဟောင်း ကတော်တွေဖြစ်တဲ့ မီချယ် အိုဘားမားနဲ့ ဟီလာရီကလင်တန်၊ ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာ မာကယ်လ်တို့ရဲ့ မျက်နှာတွေကို ရိုက်နှက် ဒဏ်ရာရထားတဲ့အသွင် ပုံတူပန်းချီပိုစတာတွေရေးဆွဲကာ မီလန်မြို့မှာ ပြသထားခဲ့ပါတယ်။
“ကျွန်မ အမျိုးသမီးတစ်ယောက် ဖြစ်နေလို့သာပါ” လို့အမည်ပေးထားတဲ့ ယင်း လမ်းပေါ် ပန်းချီ လှုပ်ရှားမှုမှာ အမေရိကန် ဒီမိုကရက်တစ် အမျိုးသမီး လွှတ်တော်အမတ် အလက်ဇန္ဒြီးယား အိုကာစီယို ကော်တက်ဇ်နဲ့ အိန္ဒိယ အဓိက အတိုက်အခံပါတီခေါင်းဆောင် ဆိုနီယာ ဂန္ဒီတို့ရဲ့ မျက်နှာဒဏ်ရာရပုံ တွေလည်း ပါဝင်ခဲ့ပါတယ်။
ကမ္ဘာတဝန်းက အမျိုးသမီး သန်းပေါင်းများစွာ ကြုံတွေ့ခံစားနေရတဲ့ ဖြစ်ရပ်ကို သရုပ်ဖော်ပြခြင် ြဖြစ်ကာ ယင်းဖြစ်ရပ်ကို ရှုတ်ချခြင်း၊ အာရုံစိုက်သတိပြုစေခြင်းနဲ့ အင်စတီကျူးရှင်းတွေနဲ့ နိုင်ငံရေးလောကမှ စစ်မှန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ရရှိစေခြင်းတို့အတွက် ရည်ရွယ်ကြောင်း ပလမ်ဘိုက ပြောဆိုခဲ့ပါတယ်။
အမျိုးသမီးတွေ အကြမ်းဖက်ခံနေရမှုဟာ ကမ္ဘာ့ပြဿနာတစ်ခုဖြစ်နေပြီး လူမျိုး ဘာသာ အဆင့်အတန်း မရွေး တွေ့ကြုံခံစားနေရတာဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

Ref : The Local.it

No comments:

Post a Comment

My Blog List