Wednesday, January 15, 2020

လေယာဉ်တစ်စီးက ဂျက်လေယာဉ်ဆီများသွန်ချခြင်းကြောင့် မြေပြင်မှ မူလတန်းကျောင်း ၆ ကျောင်းနှင့် လူ ၆ဝကျော် လေယာဉ်ဆီများ ထိမှန်ပေကျံ

Image may contain: sky, plant, nature and outdoor, text that says 'Sujey Hernandez'Image may contain: sky, cloud and airplane
လေယာဉ်တစ်စီးက ဂျက်လေယာဉ်ဆီများသွန်ချခြင်းကြောင့် မြေပြင်မှ လူ ၆၀ လေယာဉ်ဆီများပေကျံကုန်ပြီး၊ မူလတန်းကျောင်း ၆ ကျောင်းပေါ်သို့လည်း လေယာဉ်ဆီများကျရောက်ခဲ့ခြင်း လော့အင်ဂျလိစ်တွင်ဖြစ်ပွားခဲ့သည်။

အင်္ဂါနေ့ မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ၊ လေယာဉ်ဆီများကျရောက်မှုအများဆုံးမှာ ပါ့ခ်ရိပ်သာ မူလတန်းကျောင်းဖြစ်ပြီး ယင်းကျောင်းမှ ကလေးငယ် ၂၀ နှင့် လူကြီး ၁၁ ဦးတို့ လေယာဉ်ဆီထိမှန်သောကြောင့် ထိခိုက်ဒဏ်ရာရမှု(မစိုးရိမ်ရ)ဖြစ်ခဲ့ကြောင်း လော့အင်ဂျလိစ်စီရင်စု မီးသတ်တပ်ဖွဲ့မှ အင်စပက်တော် ရှောင်ဖာဂူဆန်ကပြောသည်။ အဆိုပါ မူလတန်းကျောင်းသည် လေဆိပ်၏ အရှေ့ဖက် ၁၉ မိုင်ခန့်အကွာတွင် တည်ရှိသည်။
အခြားသော လေယာဉ်ဆီပေကျံသူများမှာ ဆပ်ပြာရေဖြင့် ဆေးကျောသန့်စင်ခြင်းများပြုလုပ်ခဲ့ရပြီး၊ ဆေးကုသမှုခံယူရသူ တစ်ဦးမျှ မရှိဟု သိရသည်။
ဖြစ်စဉ်မှာ လော့အင်ဂျလိစ် နိုင်ငံတကာလေဆိပ်မှ ပျံတက်လာသော ခရီးသည်တင်လေယာဉ်တစ်စီးသည် အင်ဂျင်ချွတ်ယွင်းမှုပြဿနာကြောင့် လေဆိပ်သို့ အမြန်ဆုံးပြန်ဆင်းရန်လိုအပ်လာပြီး၊ ထိုသို့ပြန်လည်ဆင်းသက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လေယာဉ်ဆီများကို သွန်ချခဲ့ရခြင်းဖြစ်သည်။
”လေယာဉ်ဟာ ဘေးမသီရန်မခပဲ လော့အင်ဂျလိစ်လေဆိပ်ကို ပြန်ဆင်းသက်နိုင်ခဲ့ပါတယ်။ အရေးပေါ်လေယာဉ်ဆင်းသက်ရာမှာ ဆင်းသက်စဉ် လုံခြုံစိတ်ချစေရေးအတွက် အလေးချိန်လျှော့ချဖို့ လေယာဉ်ဆီတွေကို ထုတ်ပစ်ရတာဟာ သာမန်လုပ်ရိုးလုပ်စဉ်ပါပဲ”ဟု လေကြောင်းလိုင်းမှပြောသည်။
No photo description available.
Source: CNN
Ref: 60 people are treated after a plane dumped jet fuel, hitting six schools around Los Angeles

(Zawgyi)
လေယာဉ်တစ်စီးက ဂျက်လေယာဉ်ဆီများသွန်ချခြင်းကြောင့် မြေပြင်မှ မူလတန်းကျောင်း ၆ ကျောင်းနှင့် လူ ၆၀ကျော် လေယာဉ်ဆီများ ထိမှန်ပေကျံ
လော့စ်အင်ဂျလိစ်၊ ဇန်နဝါရီ ၁၅
လေယာဉ်တစ်စီးက ဂျက်လေယာဉ်ဆီများသွန်ချခြင်းကြောင့် မြေပြင်မှ လူ ၆၀ လေယာဉ်ဆီများပေကျံကုန်ပြီး၊ မူလတန်းကျောင်း ၆ ကျောင်းပေါ်သို့လည်း လေယာဉ်ဆီများကျရောက်ခဲ့ခြင်း လော့အင်ဂျလိစ်တွင်ဖြစ်ပွားခဲ့သည်။
အင်္ဂါနေ့ မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ၊ လေယာဉ်ဆီများကျရောက်မှုအများဆုံးမှာ ပါ့ခ်ရိပ်သာ မူလတန်းကျောင်းဖြစ်ပြီး ယင်းကျောင်းမှ ကလေးငယ် ၂၀ နှင့် လူကြီး ၁၁ ဦးတို့ လေယာဉ်ဆီထိမှန်သောကြောင့် ထိခိုက်ဒဏ်ရာရမှု(မစိုးရိမ်ရ)ဖြစ်ခဲ့ကြောင်း လော့အင်ဂျလိစ်စီရင်စု မီးသတ်တပ်ဖွဲ့မှ အင်စပက်တော် ရှောင်ဖာဂူဆန်ကပြောသည်။ အဆိုပါ မူလတန်းကျောင်းသည် လေဆိပ်၏ အရှေ့ဖက် ၁၉ မိုင်ခန့်အကွာတွင် တည်ရှိသည်။
အခြားသော လေယာဉ်ဆီပေကျံသူများမှာ ဆပ်ပြာရေဖြင့် ဆေးကျောသန့်စင်ခြင်းများပြုလုပ်ခဲ့ရပြီး၊ ဆေးကုသမှုခံယူရသူ တစ်ဦးမျှ မရှိဟု သိရသည်။
ဖြစ်စဉ်မှာ လော့အင်ဂျလိစ် နိုင်ငံတကာလေဆိပ်မှ ပျံတက်လာသော ခရီးသည်တင်လေယာဉ်တစ်စီးသည် အင်ဂျင်ချွတ်ယွင်းမှုပြဿနာကြောင့် လေဆိပ်သို့ အမြန်ဆုံးပြန်ဆင်းရန်လိုအပ်လာပြီး၊ ထိုသို့ပြန်လည်ဆင်းသက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လေယာဉ်ဆီများကို သွန်ချခဲ့ရခြင်းဖြစ်သည်။
”လေယာဉ်ဟာ ဘေးမသီရန်မခပဲ လော့အင်ဂျလိစ်လေဆိပ်ကို ပြန်ဆင်းသက်နိုင်ခဲ့ပါတယ်။ အရေးပေါ်လေယာဉ်ဆင်းသက်ရာမှာ ဆင်းသက်စဉ် လုံခြုံစိတ်ချစေရေးအတွက် အလေးချိန်လျှော့ချဖို့ လေယာဉ်ဆီတွေကို ထုတ်ပစ်ရတာဟာ သာမန်လုပ်ရိုးလုပ်စဉ်ပါပဲ”ဟု လေကြောင်းလိုင်းမှပြောသည်။
Source: CNN
Ref: 60 people are treated after a plane dumped jet fuel, hitting six schools around Los Angeles

No comments:

Post a Comment

My Blog List