Wednesday, January 15, 2020

စစ်ကိုင်းပညာရေးကောလိပ်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်

Image may contain: 12 people, people smiling, child
အခြေခံပညာကျောင်းများတွင် စာသင်ကာလတိုးမြှင့်ခြင်းအား ကန့်ကွက်သည့်အနေဖြင့် စစ်ကိုင်းမြို့ရှိ စစ်ကိုင်းပညာရေးကောလိပ်၌ ဇန်နဝါရီလ ၁၅ ရက်က ဖဲကြိုး စိမ်းလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

လှုပ်ရှားမှုကို စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂက ဦးဆောင်၍ ကျောင်းသူကျောင်းသား ၅၀ ကျော်ဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး အခြေခံပညာမှ ဆရာ၊ ဆ ရာမများနှင့် တစ်သားတည်းရှိပြီး ဆရာ၊ဆရာမများ၏ ဆန္ဒသဘောထားမပါသော ပညာရေးဝန်ကြီးဌာန၏လုပ်ရပ်အား ကန့်ကွက်ကြောင်းလှုပ်ရှားမှုတွင် ပါဝင်သူများ က ပြောသည်။
“ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်က ဆရာ၊ ဆရာမတွေရဲ့ သဘောထားကို လစ်လျူရှုတဲ့ ပုံစံဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ အခြေခံ ဆရာ၊ဆရာမတွေရဲ့ သဘောထားနဲ့ တစ်သားတည်းရှိနေပါတယ်ဓ ဟု စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းခန့်ဇော်က ပြောသည်။
အခြေခံပညာအသီးသီး၏ ကျောင်းတွင်းစစ်စာမေးပွဲများအား တက္ကသိုလ်ဝင်တန်းပြီး ဆုံးသည့်အချိန်တွင် စစ်ဆေးရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ၂၀၁၉ ဒီဇင် ဘာလ ၂၀ ရက်က စာထုတ်ခဲ့သည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များတွင် ဇန်နဝါရီလ ၇ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးတက္ကသိုလ် များ၊ ကောလိပ်များတွင် လုပ်ဆောင်လျှက်ရှိပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် အ ခြေခံပညာမှ ဆရာ ဆရာမများ၊ ကျောင်းသားသမဂ္ဂများနှင့် ညှိနှိုင်းတိုင်ပင်ပြီး အသစ် ပြန်လည်သတ်မှတ်သည့်အချိန်မှသာ အဆိုပါဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရပ်နားသွား မည်ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
Image may contain: one or more people
Image may contain: 3 people, people standing and outdoor
Image may contain: 2 people
Image may contain: 1 person, outdoor and closeup
Image may contain: 1 person, outdoor
Image may contain: one or more people and closeup
(Zawgyi)
စစ်ကိုင်းပညာရေးကောလိပ်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်
ဇန္နဝါရီလ ၁၅
နိုင်လင်းဦး

အခြေခံပညာကျောင်းများတွင် စာသင်ကာလတိုးမြှင့်ခြင်းအား ကန့်ကွက်သည့်အ နေဖြင့် စစ်ကိုင်းမြို့ရှိ စစ်ကိုင်းပညာရေးကောလိပ်၌ ဇန်နဝါရီလ ၁၅ ရက်က ဖဲကြိုး စိမ်းလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
လှုပ်ရှားမှုကို စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂက ဦးဆောင်၍ ကျောင်းသူကျောင်းသား ၅၀ ကျော်ဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး အခြေခံပညာမှ ဆရာ၊ ဆ ရာမများနှင့် တစ်သားတည်းရှိပြီး ဆရာ၊ဆရာမများ၏ ဆန္ဒသဘောထားမပါသော ပညာရေးဝန်ကြီးဌာန၏လုပ်ရပ်အား ကန့်ကွက်ကြောင်းလှုပ်ရှားမှုတွင် ပါဝင်သူများ က ပြောသည်။
“ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်က ဆရာ၊ ဆရာမတွေရဲ့ သဘောထားကို လစ်လျူရှုတဲ့ ပုံစံဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ အခြေခံ ဆရာ၊ဆရာမတွေရဲ့ သဘောထားနဲ့ တစ်သားတည်းရှိနေပါတယ်ဓ ဟု စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းခန့်ဇော်က ပြောသည်။
အခြေခံပညာအသီးသီး၏ ကျောင်းတွင်းစစ်စာမေးပွဲများအား တက္ကသိုလ်ဝင်တန်းပြီး ဆုံးသည့်အချိန်တွင် စစ်ဆေးရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ၂၀၁၉ ဒီဇင် ဘာလ ၂၀ ရက်က စာထုတ်ခဲ့သည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များတွင် ဇန်နဝါရီလ ၇ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးတက္ကသိုလ် များ၊ ကောလိပ်များတွင် လုပ်ဆောင်လျှက်ရှိပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် အ ခြေခံပညာမှ ဆရာ ဆရာမများ၊ ကျောင်းသားသမဂ္ဂများနှင့် ညှိနှိုင်းတိုင်ပင်ပြီး အသစ် ပြန်လည်သတ်မှတ်သည့်အချိန်မှသာ အဆိုပါဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရပ်နားသွား မည်ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
#TheFifthWaveNews

No comments:

Post a Comment

My Blog List