
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကိုယ်ပိုင်ရုပ်သံလိုင်းတစ်ခုထူထောင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးပြောပြချက်အရ သိရသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့်ဆွေးနွေးနေပြီး အသေးစိတ်မပြောနိုင်သေးကြောင်း ဇန်နဝါရီလ ၁၃ ရက်ညနေပိုင်းကကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ အသေးစိတ်ကတော့ ဝန်ကြီးချုပ်နဲ့သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ချန်နယ်တစ်ခုပုံစံမျိုး လုပ်သွားမယ်လို့တော့သိထားပါတယ်” ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။
ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ့စဉ်ထုတ်ဝေနေသည့် မြို့တော်သတင်းစာကို ရပ်နားခဲ့သော်လည်း အရှုံးပေါ်ခြင်းကြောင့်မဟုတ်ဘဲ အခြေအနေအရသာဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင် နေ့စဉ်ထုတ်ဝေနေသည့်သတင်းစာများနှင့် အပတ်စဉ်ထုတ်ဂျာနယ်များအနေဖြင့် ပြိုင်ဆိုင်မှုပြင်းထန်သည့်ေဈးကွက်အတွင်းရေရှည်ရပ်တည်ရန်အခက်အခဲရှိသည့်အတွက် ရပ်နားခြင်းများရှိလာသည်။
အချို့သောပုံနှိပ်မီဒီယာလုပ်ငန်းများသည် ကုန်ကျစရိတ်ပိုမိုလျော့နည်းသည့်အွန်လိုင်းမီဒီယာအဖြစ် အသွင်ကူးပြောင်းလာကြကြောင်းလည်း သိရသည်။
စုသက်နှင်း(အကုန်သိသတင်းဌာန)
Unicode Version
ရန်ကုန်တိုင်းအစိုးရအနေဖြင့် ကိုယ်ပိုင်ရုပ်သံလိုင်းတစ်ခုထူထောင်ရန် စီစဉ်နေ
-------- စုသက်နှင်း(အကုန်သိသတင်းဌာန) --------
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကိုယ်ပိုင်ရုပ်သံလိုင်းတစ်ခုထူထောင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးပြောပြချက်အရ သိရသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့်ဆွေးနွေးနေပြီး အသေးစိတ်မပြောနိုင်သေးကြောင်း ဇန်နဝါရီလ ၁၃ ရက်ညနေပိုင်းကကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ အသေးစိတ်ကတော့ ဝန်ကြီးချုပ်နဲ့သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ချန်နယ်တစ်ခုပုံစံမျိုး လုပ်သွားမယ်လို့တော့သိထားပါတယ်” ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။
ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ့စဉ်ထုတ်ဝေနေသည့် မြို့တော်သတင်းစာကို ရပ်နားခဲ့သော်လည်း အရှုံးပေါ်ခြင်းကြောင့်မဟုတ်ဘဲ အခြေအနေအရသာဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင် နေ့စဉ်ထုတ်ဝေနေသည့်သတင်းစာများနှင့် အပတ်စဉ်ထုတ်ဂျာနယ်များအနေဖြင့် ပြိုင်ဆိုင်မှုပြင်းထန်သည့်ဈေးကွက်အတွင်းရေရှည်ရပ်တည်ရန်အခက်အခဲရှိသည့်အတွက် ရပ်နားခြင်းများရှိလာသည်။
အချို့သောပုံနှိပ်မီဒီယာလုပ်ငန်းများသည် ကုန်ကျစရိတ်ပိုမိုလျော့နည်းသည့်အွန်လိုင်းမီဒီယာအဖြစ် အသွင်ကူးပြောင်းလာကြကြောင်းလည်း သိရသည်။
No comments:
Post a Comment