မကြာမီလာရောက်လာမယ့် တရုတ်သမ္မတရဲ့ ချစ်ကြည်ရေးခရီးစဉ်ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေဖို့ အားသစ်လောင်းပေးခြင်း ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ ဥက္ကဌဦးညွန့်မောင်ရှိန်က ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက် ရန်ကုန်မြို့ Wyndham Grand Yangon Hotalမှာ ပြုလုပ်တဲ့ မျက်မှောက်ခေတ် တရုတ်နိုင်ငံနှင့် ကမ္ဘာ့-မြန်မာ-တရုတ် အကြုံပြုသုတေသီအဖွဲ့များ၏ ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။
ဒီကနေ့ အခမ်းအနားမှာတော့ တရုတ်-မြန်မာချစ်ကြည်ရေးနဲ့ ပတ်သက်ပြီး ခေါင်းစဉ် (၄) ခုအပေါ်အကြုံပြု ဆွေးနွေးမှာ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီ(၁၇)ရက်ကနေ (၁၈) ရက်အထိ နှစ်ရက်ကြာခရီးစဉ် လာရောက်မှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံဝေယံထက်ဝင်း
No comments:
Post a Comment