Thursday, January 16, 2020

ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးသမားဆိုသည်မှာ အင်မတန် ဗလောင်းဗလဲ ပြောတတ်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးပြော

Image may contain: 2 people, people sitting and indoor
ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးသမားဆိုသည်မှာ အင်မတန် ဗလောင်းဗလဲ ပြောတတ်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပျော်ဘွယ်မြို့နယ် ကုက္ကိုခါးလှကျေးရွာ မှ ဒေသခံ မဲဆန္ဒရှင်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးသမားဆိုတာ (ကျွန်တော်လဲနိုင်ငံရေးသမား ဆိုတော့ ကျွန်တော်ပြောတာလည်း သိပ်မယုံနဲ့) အင်မတန်မှပဲ ဗလောင်းဗလဲ ပြောတတ် တယ်။ ကျွန်တော့်ထက် အသက်အရွယ်ကြီးတဲ့ နောင်တော်ကြီးတွေ ဦးလေးတွေ သိပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်တုန်းက ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာ ကိုယ် မဲရဖို့အရေးကို မျိုးစုံလုပ်ခဲ့ကြတာဖြစ်တယ်။ အလှအပနဲ့ပြပြီးမဲဆွယ်တယ်။ ငွေကြေး ဓနနဲ့ပြပြီးမဲဆွယ်တယ်။ လူတွေရဲ့ လိုအင်ဆန္ဒတွေကိုကြည့်ပြီး မက်လုံးတွေနဲ့ မဲဆွယ် တယ်။ ဒါက မမှန်ကန်တဲ့နိုင်ငံရေးပါ။ ဒီလိုနိုင်ငံရေးမျိုးကို ကျွန်တော်တို့ တိုင်းပြည်မှာ ချေဖျက်ပစ်ရမယ်”ဟု ဦးသောင်းအေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အတူ အမှန်တကယ် တိုင်းပြည်နှင့်လူမျိုး ဘာသာ၊ သာသနာအပေါ် စေတနာ မေတ္တာရှိပြီး တကယ်လုပ်တတ် ကိုင်တတ် ၊ တကယ် လုပ်ချင်ကိုင်ချင်စိတ်၊ လုပ်ဖူး ကိုင်ဖူး၊ လုပ်နိုင်စွမ်း ရှိသည့် ပုဂ္ဂိုလ်ကို ရွေးချယ် မဲပေးမှရမည်ဟုလည်း ဦးသောင်းအေးက ပြောသည်။

“အခုကျွန်တော်တို့တိုင်းပြည်မှာ ပါတီပေါင်း ရာချီတယ်။ ဒီမြို့တောင် ပါတီ ဘယ်နှခု ရောက်နေလဲ မသိဘူး။ သူတို့လည်း တိုင်းပြည်ကို ကောင်းစေချင်တဲ့ ရည်ရွယ် ချက်နဲ့လုပ်တာ ဖြစ်ကောင်းဖြစ်လိမ့်မယ်လေ။ သို့သော်လည်း တကယ်လုပ်နိုင်စွမ်း ရှိရဲ့လား လုပ်ရော လုပ်တက်ရဲ့လား၊ လုပ်ရောလုပ်နိုင်ရဲ့လား၊ လုပ်ခဲ့တဲ့ အတွေ့ အကြုံရောရှိရဲ့လား။ သူ့မှာ အရေးကြီးတာ စိတ်ရင်းစေတနာကောင်း ရှိဖို့လိုတယ်။ ပြည်သူတွေကို ချစ်ဖို့လိုတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး မပျောက် ပျက်သွားဖို့လိုတယ်။ ပဲ့မသွားဖို့လိုတယ်။ ပြည်သူ့ဘဝ လုံခြုံအောင် အေးချမ်းအောင် ပြည်သူတွေဘဝ သွားရေးလာရေး နေရေးထိုင်ရေး စားရေးသောက်ရေး ကောင်း အောင် လုပ်ပေးမယ်၊ ဒီလိုစိတ်ရင်း စေတနာကို မြင်အောင်ကြည့်ကြ” ဟု ဦးသောင်းအေး က ဆက်လက်ပြောကြားခဲ့သည်။

The Ladies News
ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးသမားဆိုသည်မှာ အင်မတန် ဗလောင်းဗလဲ ပြောတတ်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးပြော
--- --- ---

No comments:

Post a Comment

My Blog List