Friday, January 17, 2020

တရုတ် BRI စီမံကိန်းကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အပါအဝင် အဖွဲ့ ၅ ဖွဲ့ ကန့်ကွက်

Image may contain: text
တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် BRI စီမံကိန်းကို ကန့်ကွက်ကြောင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ အဖွဲ့ ၅ ဖွဲ့က ကန့်ကွက်ကြောင်း ယနေ့ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

မြို့နယ်မြို့မိမြို့ဖများ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မြို့နယ်တောင်သူလယ်သမားများ အသင်း၊ လူမှုညီညွတ်ရေးအသင်း ၊ ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအသင်း တို့က ကြေညာချက်ထုတ်ပြန်ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
လတ်တလော မြန်မာနိုင်ငံသည် ဒီမိုကရေစီသက်တမ်း နုနယ်နေသေးသည့် အချိန်ဖြစ်ပြီး အစိုးရသက်တမ်း နှစ်ဆက်အတွင်း ပြည်သူလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံပေးနိုင်မှု အားနည်းနေခြင်း၊ စီမံကိန်းလုပ်ငန်းများ ချမှတ်လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု နည်းနေခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး မရရှိနိုင်သေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
တရုတ် BRI စီမံကိန်း လုပ်ဆောင်မည်ဆိုပါက EIA သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ SIA လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်းများအတွက် ယုံကြည်နိုင်လောက်သော အနေအထားရှိမည်ဟု မယုံကြည်ကြောင်း၊ ထို့ကြောင့် BRI စီမံကိန်းကို လုံးဝကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာသည်။

No comments:

Post a Comment

My Blog List