Wednesday, January 15, 2020

(၆၈)နှစ်မြောက်ကယားပြည်နယ်နေ့အခမ်းအနားသို့ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မိန့်ခွန်းပြောကြား

Image may contain: 1 person, flower, plant, nature and outdoor
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီကနေ့ ဇန်နဝါရီ(၁၅)ရက်က ကျင်းပတဲ့ (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်တယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ချက်အရ သိရပါတယ်။ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကအမှာစကားပြောကြားပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နိုင်ငံတော်သမ္မတပေးပို့တဲ့ သဝဏ်လွှာကိုဖတ်ကြားပါတယ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားရာမှာ ပြည်နယ်နဲ့ ပြည်ထောင်စုကိုမခွဲခြားတဲ့ စိတ်ဓာတ်နဲ့ဆက်ပြီးသွားမှသာ လိုချင်တဲ့ နိုင်ငံတော်ကြီးကို တည်ထောင်နိုင်မှာဖြစ်တယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။ ပြည်ထောင်စုကြီး မငြိမ်းချမ်းလို့မဖြစ်ဘူးဆိုတဲ့ အခြေခံအကြောင်းတရားကိုလည်း ကယားပြည်နယ်သူ ပြည်နယ်သားတွေ သဘောပေါက်နားလည်မယ်လို့ ယူဆမိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ကယားပြည်နယ်သူ ပြည်နယ်သားတွေအနေနဲ့ ပြည်ထောင်စုရဲ့ဝေါဟာရကို တန်ဖိုးထားဖို့နဲ့ မတူကွဲပြားမှုကို အင်အားဖြစ်အောင် စုပေါင်းပြီးဆောင်ရွက်ဖို့လိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ ကယားပြည်နယ်က မျိုးဆက်သစ်တိုင်းရင်းသားလူငယ်တွေက "မငြိမ်းချမ်းလို့မဖြစ်ဘူး"ဆိုတဲ့ တေးသီချင်းနဲ့ သီဆိုဖျော်ဖြေကြပါတယ်။
Image may contain: 9 people, people smiling, people standing and outdoor, text that says 'one NEWS'
Image may contain: 6 people, text
Image may contain: one or more people, sky and outdoor
ဓါတ်ပုံ- စိုင်းစိုင်း(လွိုင်ကော်)

No comments:

Post a Comment

My Blog List