Friday, January 17, 2020

တရုတ်သမ္မတခရီးစဉ်ကြောင့် နှစ်နိုင်ငံရင်းနှီးမှုမြှင့်တင်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးတွေပြောဆို


Image may contain: 2 people
တရုတ်သမ္မတရှီကျင့်ပင်ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကြောင့် နှစ်နိုင်ငံရင်းနှီးမှု ပိုမြှင့်တင်နိုင်မယ် လို့ မျှော်လင့်နေတယ်ဆိုပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နဲ့ သူရဦးအောင်ကိုတို့က ပြောလိုက် ပါတယ်။
တရုတ်အစိုးရပိုင်တရုတ်မီဒီယာအဖွဲ့ (CMG) နဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာပြောခဲ့တာပါ။
“တစ်ဦးနဲ့တစ်ဦး သိသင့်သလောက် ကျွန်တော်တို့သိကြပါတယ်။ သို့သော်ပိုမိုသိနားလည်လေ ပိုပြီး တော့နှစ်နိုင်ငံဆက်ဆံရေးက ပိုကောင်းလေလို့ ကျွန်တော်တော့မြင်ပါတယ်။ ကျွန်တော်တို့ တရုတ်နဲ့ မြန်မာဆက်ဆံရေးက နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ လူမှုရေးအရရောအရေးကြီးပါတယ်။ အဲဒီ ဟာတွေကို ဒီအကြောင်းအရာ အချက်အလက်တွေကိုသိရှိဖို့ မီဒီယာများကပဲဖော်ထုတ်နိုင်ပါတယ်” လို့ ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့်က ပြောပါတယ်။
“မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ပေါ့လေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက နှစ်ပေါင်း ၇၀ ကာလအတွင်းမှာ ရရှိခဲ့တဲ့ပေါ့။ ခုနကပေါ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအတွေ့အကြုံတွေ၊ သင်ခန်းစာတွေကိုလည်း မြန်မာနိုင်ငံက ရယူနိုင်တယ်ဆိုတာလည်း သဘောပေါက်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မြင့်မားလှတဲ့ယဉ်ကျေးမှုနဲ့ ခုနကအနုပညာပိုင်းဆိုင်ရာမှာလည်း မြန်မာနိုင်ငံရယူနိုင်တယ်လို့ ခံယူပါတယ်”လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
ဒီနေ့မှာ တရုတ်သမ္မတရှီကျင့်ပင်ရောက်လာမှာဖြစ်ပြီး အခုနှစ်မှာ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်တဲ့အချိန်မှာ ပြည်ထောင်စုဝန်ကြီးတွေက အခုလိုမှတ်ချက်ပြုတာပါ။
သမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်နဲ့လာရောက်တဲ့ ရှီရဲ့အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့ ၁၉ နှစ်အတွင်း မြန်မာနိုင်ငံကို တရုတ်သမ္မတတစ်ယောက်ရဲ့ ပထမဆုံးနိုင်ငံတော်အဆင့်ခရီးစဉ်လည်းဖြစ်ပါတယ်။
မြန်မာပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုရခဲ့တဲ့ အနောက်ဘက်သို့ခရီး ိုမျိုး ရုပ်သံဇာတ်လမ်းတွေနဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားတွေကို မြန်မာနိုင်ငံမှာ မိတ်ဆက်ခဲ့တယ်လို့လည်း သူရဦးအောင်ကိုက ပြောတဲ့အပြင် ရှီရဲ့ခရီးစဉ်ကြောင့် မြန်မာ-တရုတ်မီဒီယာတွေကြား ကျယ်ပြန်တဲ့ အပြန်အလှန်ထိတွေ့ မှုနဲ့ အတွင်းကျကျပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်မယ်လို့ ယုံကြည်တယ်ဆိုပြီးလည်း ဒေါက်တာ ဖေမြင့်က ပြောပါတယ်။
၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှာ မြန်မာ-တရုတ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၁၁၃၆၃.၅၈၇ ရှိခဲ့ပြီး အောက်တိုဘာမှစတဲ့အခု ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ဇန်နဝါရီအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀၀၆.၇၆၈ သန်းရှိနေပြီဖြစ်ပါတယ်။

Photo- MOFA

-------------------------------------------------------------------

(Zawgyi)

တရုတ်သမ္မတခရီးစဉ်ကြောင့် နှစ်နိုင်ငံရင်းနှီးမှုမြှင့်တင်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးတွေပြောဆို

ဇန္နဝါရီ ၁၇
ဥကၠာ

တရုတ်သမ္မတရှီကျင့်ပင်ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကြောင့် နှစ်နိုင်ငံရင်းနှီးမှု ပိုမြှင့်တင်နိုင်မယ် လို့ မျှော်လင့်နေတယ်ဆိုပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာေဖမြင့်နဲ့ သူရဦးအောင်ကိုတို့က ပြောလိုက် ပါတယ်။

တရုတ်အစိုးရပိုင်တရုတ်မီဒီယာအဖွဲ့ (CMG) နဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာေျပာခဲ့တာပါ။

“တစ်ဦးနဲ့တစ်ဦး သိသင့်သလောက် ကျွန်တော်တို့သိကြပါတယ်။ သို့သော်ပိုမိုသိနားလည်လေ ပိုပြီး တော့နှစ်နိုင်ငံဆက်ဆံရေးက ပိုကောင်းလေလို့ ကျွန်တော်တော့မြင်ပါတယ်။ ကျွန်တော်တို့ တရုတ်နဲ့ မြန်မာဆက်ဆံရေးက နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ လူမှုရေးအရရောအရေးကြီးပါတယ်။ အဲဒီ ဟာတွေကို ဒီအကြောင်းအရာ အချက်အလက်တွေကိုသိရှိဖို့ မီဒီယာများကပဲဖော်ထုတ်နိုင်ပါတယ်” လို့ ပြန်ကြားရေးဝန်ကြီးဒေါက်တာေဖမြင့်က ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ပေါ့လေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက နှစ်ပေါင်း ၇၀ ကာလအတွင်းမှာ ရရှိခဲ့တဲ့ပေါ့။ ခုနကပေါ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအတွေ့အကြုံတွေ၊ သင်ခန်းစာတွေကိုလည်း မြန်မာနိုင်ငံက ရယူနိုင်တယ်ဆိုတာလည်း သဘောပေါက်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မြင့်မားလှတဲ့ယဉ်ကျေးမှုနဲ့ ခုနကအနုပညာပိုင်းဆိုင်ရာမှာလည်း မြန်မာနိုင်ငံရယူနိုင်တယ်လို့ ခံယူပါတယ်”လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ြကီး သူရဦးအောင်ကိုက ပြောပါတယ်။

ဒီနေ့မှာ တရုတ်သမ္မတရှီကျင့်ပင်ရောက်လာမှာဖြစ်ပြီး အခုနှစ်မှာ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်တဲ့အချိန်မှာ ပြည်ထောင်စုဝန်ကြီးတွေက အခုလိုမှတ်ချက်ပြုတာပါ။

သမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်နဲ့လာရောက်တဲ့ ရှီရဲ့အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့ ၁၉ နှစ်အတွင်း မြန်မာနိုင်ငံကို တရုတ်သမ္မတတစ်ယောက်ရဲ့ ပထမဆုံးနိုင်ငံတော်အဆင့်ခရီးစဉ်လည်းဖြစ်ပါတယ်။

မြန်မာပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုရခဲ့တဲ့ အနောက်ဘက်သို့ခရီး ိုမျိုး ရုပ်သံဇာတ်လမ်းတွေနဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားတွေကို မြန်မာနိုင်ငံမှာ မိတ်ဆက်ခဲ့တယ်လို့လည်း သူရဦးအောင်ကိုက ပြောတဲ့အပြင် ရှီရဲ့ခရီးစဉ်ကြောင့် မြန်မာ-တရုတ်မီဒီယာတွေကြား ကျယ်ပြန်တဲ့ အပြန်အလှန်ထိတွေ့ မှုနဲ့ အတွင်းကျကျပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်မယ်လို့ ယုံကြည်တယ်ဆိုပြီးလည်း ဒေါက်တာ ဖေမြင့်က ပြောပါတယ်။

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှာ မြန်မာ-တရုတ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၁၁၃၆၃.၅၈၇ ရှိခဲ့ပြီး အောက်တိုဘာမှစတဲ့အခု ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ဇန်နဝါရီအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀၀၆.၇၆၈ သန်းရှိနေပြီဖြစ်ပါတယ်။

Photo- MOFA

No comments:

Post a Comment

My Blog List