Friday, January 17, 2020

ကျောက်မီးသွေးလောင်စာ အသုံးပြုမှုကို ဖျက်သိမ်းပေးရန် ဒေသခံ ၂၇ ရွာ စုပေါင်းမေတ္တာပို့ ဆုတောင်း

Image may contain: one or more peopleImage may contain: 3 people, outdoor and nature
ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေးဒေသမှာရှိတဲ့ တန် ၄၀၀၀ ဘိလပ်မြေစက်ရုံရဲ့ ကျောက်မီးသွေးလောင်စာအသုံးပြုတာကိုဖျက်သိမ်းပေးဖို့ ရွာပေါင်း၂၇ ရွာက ဒေသခံတွေ စုပေါင်းမေတ္တာပို့ဆုတောင်းပွဲကို ဒီကနေ့မနက်က ဘားအံမြို့နယ် နတ်ကုန်းကျေးရွာမှာ ကျင်းပပါတယ်။ 

ဘိလပ်မြေစက်ရုံဟာ ကျောက်မီးသွေးသုံးပြီး လည်ပတ်နေတာကြောင့် စက်ရုံပတ်ဝန်းကျင်‌‌ကျေးရွာတွေကရေတွေ မည်းသွားတဲ့အတွက် ကျောက်မီးသွေးကို မသုံးစေချင်ဘူးလို့ ဒေသခံတွေကပြောပါတယ်။ 
သောက်ရေ သုံးရေအခက်အခဲဖြစ်နေတာ သုံးလကျော်နေပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။ ရေမည်းနေတယ်ဆိုတဲ့ကျေးရွာတချို့မှာ ကျေးလက်ဦးစီးဌာနက စက်ရေတွင်းတူးပေးနေတာရှိပေမယ့် တစ်တွင်းသာ ရေထွက်သေးတယ်လို့ သိရပါတယ်။
Image may contain: 3 people, crowd and outdoor
Image may contain: 1 person, crowd and outdoor
Image may contain: one or more people, people standing, crowd and outdoor
Image may contain: one or more people, people standing, crowd and outdoor
Image may contain: 4 people, crowd, outdoor and nature
သတင်း - မျိုးမင်း

No comments:

Post a Comment

My Blog List