Tuesday, January 14, 2020

တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို အရေးယူဖို့ ကျောင်းသားတွေတောင်းဆို

Image may contain: 5 people, people smiling, outdoor

မန္တလေးတက္ကသိုလ်အတွင်းမှာ Food Court ဖွင့်လှစ်ဖို့ တင်ဒါခေါ်ယူခြင်းမရှိဘဲ ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ဇန်နဝါရီ ကိုးရက်နေ့ကစပြီး ပညာရေးဝန်ကြီးဌာနကို ကျောင်သားတွေက ဆန္ဒပြတောင်းဆိုနေတာ ဒီနေ့ဆိုရင် ခြောက်ရက်မြောက် ရှိနေပြီး ဒီနေ့အထိ ဆက်လက်သပိတ် မှောက်ဆန္ဒပြနေကြောင်း သိရပါတယ်။

ဇန်နဝါရီ ကိုးရက်နေ့ကစပြီး ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ပညာရေးဝန်ကြီးဌာနကို ကျောင်သားတွေက ဆန္ဒပြတောင်းဆိုနေတာ ဒီနေ့ဆိုရင် ခြောက်ရက်မြောက် ရှိနေပြီဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်အတွင်းမှာ မြေဧရိယာ ၅၅ ပေ၊ ပေ ၁၄၀ ကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ ပုဂ္ဂလိကပိုင် Food Court စားသောက်ဆိုင်တည်ဆောက်မှုမှာ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ဦးဆောင်ပြီး ဆန္ဒပြတောင်းဆိုနေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း Oriental House လို့ အမည်ပေးထားတဲ့ Food Court စားသောက်ဆိုင် တည်ဆောက်ဖို့ ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ကိုယ်တိုင် ဦးဆောင်တဲ့ အဖွဲ့က စုံစမ်းစစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာမှာ အချိန် သုံးလခန့်ကြာမြင့်လာပေမယ့် ရလဒ်ကို အခုအချိန်ထိ မထုတ်ပြန်သေးတာကြောင့် ထပ်မံဆန္ဒပြတောင်းဆိုတာလို့ ကျောင်းသားတွေက ပြောပါတယ်။
ဆန္ဒပြကျောင်းသားတွေက နိုင်ငံတော်သမ္မတ ညွန်ကြားချက်နဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အမြန်ဆုံးအရေးယူပေးရေး၊ မန္တလေး တက္ကသိုလ်ကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ် အလိုမရှိ၊ ပညာရေးဝန်ကြီးဌာန အချိန်ဆွဲပြီး ဘက်လိုက်တဲ့ ဖြေရှင်းမှု အလိုမရှိ၊ မှန်ကန်မျှတတဲ့ အပြီးသတ် စုံစမ်းစစ်ဆေးမှုရလဒ် အမြန်ဆုံးထုတ်ပြန်ပေးရေး ဆိုတဲ့အချက်တွေကို တောင်းဆိုနေကြတာဖြစ်ပါတယ်။
Image may contain: 3 people, outdoor
Source- အာအက်ဖ်အေ 

<zawgyi>
တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို အရေးယူဖို့ ကျောင်းသားတွေတောင်းဆို
Tuesday , January 14 , 2020

မန္တလေးတက္ကသိုလ်အတွင်းမှာ Food Court ဖွင့်လှစ်ဖို့ တင်ဒါခေါ်ယူခြင်းမရှိဘဲ ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ဇန်နဝါရီ ကိုးရက်နေ့ကစပြီး ပညာရေးဝန်ကြီးဌာနကို ကျောင်သားတွေက ဆန္ဒပြတောင်းဆိုနေတာ ဒီနေ့ဆိုရင် ခြောက်ရက်မြောက် ရှိနေပြီး ဒီနေ့အထိ ဆက်လက်သပိတ် မှောက်ဆန္ဒပြနေကြောင်း သိရပါတယ်။
ဇန်နဝါရီ ကိုးရက်နေ့ကစပြီး ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ပညာရေးဝန်ကြီးဌာနကို ကျောင်သားတွေက ဆန္ဒပြတောင်းဆိုနေတာ ဒီနေ့ဆိုရင် ခြောက်ရက်မြောက် ရှိနေပြီဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်အတွင်းမှာ မြေဧရိယာ ၅၅ ပေ၊ ပေ ၁၄၀ ကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ ပုဂ္ဂလိကပိုင် Food Court စားသောက်ဆိုင်တည်ဆောက်မှုမှာ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ဦးဆောင်ပြီး ဆန္ဒပြတောင်းဆိုနေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း Oriental House လို့ အမည်ပေးထားတဲ့ Food Court စားသောက်ဆိုင် တည်ဆောက်ဖို့ ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ကိုယ်တိုင် ဦးဆောင်တဲ့ အဖွဲ့က စုံစမ်းစစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာမှာ အချိန် သုံးလခန့်ကြာမြင့်လာပေမယ့် ရလဒ်ကို အခုအချိန်ထိ မထုတ်ပြန်သေးတာကြောင့် ထပ်မံဆန္ဒပြတောင်းဆိုတာလို့ ကျောင်းသားတွေက ပြောပါတယ်။
ဆန္ဒပြကျောင်းသားတွေက နိုင်ငံတော်သမ္မတ ညွန်ကြားချက်နဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အမြန်ဆုံးအရေးယူပေးရေး၊ မန္တလေး တက္ကသိုလ်ကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ် အလိုမရှိ၊ ပညာရေးဝန်ကြီးဌာန အချိန်ဆွဲပြီး ဘက်လိုက်တဲ့ ဖြေရှင်းမှု အလိုမရှိ၊ မှန်ကန်မျှတတဲ့ အပြီးသတ် စုံစမ်းစစ်ဆေးမှုရလဒ် အမြန်ဆုံးထုတ်ပြန်ပေးရေး ဆိုတဲ့အချက်တွေကို တောင်းဆိုနေကြတာဖြစ်ပါတယ်။
Source- အာအက်ဖ်အေ 

No comments:

Post a Comment

My Blog List