Thursday, January 16, 2020

အမေရိကန်-တရုတ်အစဦးကုန်သွယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးပေမဲ့ စိုးရိမ်မှုတွေ္ဂရှိနေသေး


Image may contain: 6 people, people smiling, people standing and suit
ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စုမှာ လက်မှတ်ရေးထိုးတဲ့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံ ၂ နိုင်ငံအစဦး ကုန် သွယ်ရေးသဘောတူညီချက်အရ နှစ်နှစ်အတွင်း ဒေါ်လာဘီလီယံ ၂၀၀ ဖိုးလောက်ရှိတဲ့အမေရိကန် ကုန် စည်တွေနဲ့ ဝန်ဆောင်မှုတွေကို တရုတ်နိုင်ငံက တိုးချဲ့ဝယ်ယူသွားမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ စည်းကြပ်ခွန် တွေ ပြန်လျော့ပေးရမှာဖြစ်ပါတယ်။

သဘောတူညီချက်ကြောင့် ၁၈ လကြာ ကမ္ဘာ့တိုးတက်မှုကိုရိုက်ခတ်ေနတဲ့ဖြစ်ရပ်ကို ဖြေလျှော့လိုက်တာပါ။ အထိအခိုက်ရှိတဲ့ပြဿနာတွေကိုမဖြေရှင်းရသေးတာနဲ့ တင်းမာမှုတွေလျော့ကျဖို့ မလုပ်နိုင်ဘူးဆိုတဲ့ စိုးရိမ်စိတ် တွေ တိုးတက်မလာခင်တော့ သဘောတူညီချက်ရေးထိုးတဲ့သတင်းကြောင့် ကမ္ဘာ့အဓိကစတော့စျေးကွက် ညွှန်း ကိန်းတွေစံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အမေရိကန်စက်သုံးဆီနဲ့ရေနံတေွကို တရုတ်ဘက်က ဝယ်မယ်လို့ မျှော် လင့်ချက်တွေရဲ့အကူအညီနဲ့ စက်သုံးဆီစျေးလည်းမြင့်တက်ခဲ့ပါတယ်။

နောက်ထပ်ပြဿနာတွေဖြေရှင်းဖို့ ကျန်နေသေးတာကို အသိအမှတ်ပြုပြီး အခုသဘောတူညီချက်လက်မှတ် ရေးထိုးနိုင်ခဲ့တာဟာ အမေရိကန်စီးပွားရေးနဲ့ အမေရိကန်အုပ်ချုပ်ရေးရဲ့ကုန်သွယ်ရေးမူဝါဒတွေရဲ့အောင်ပွဲလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။

သဘောတူညီချက်ဟာ နှစ်နိုင်ငံကြားမတူညီမှုတွေကို ဆွေးနွေးမှုနဲ့ဖြေရှင်းနိုင်ခဲ့တဲ့သင်္ကေတဖြစ်တယ်လို့ တရုတ်ခေါင်းဆောင်က ချီးကျူးပြောဆိုခဲ့တယ်ဆိုပြီး တရုတ်သမ္မတရှီကျင်းပင်ဆီက စာကိုဖတ်ပြခဲ့တဲ့ တရုတ် ဒုတိယအဓိပတိလျူဟီကပြောပါတယ်။ သဘောတူညီချက်ရဲ့ အဓိကအပိုင်းကတော့ ၂၀၁၇ ခုနှစ်မှာ အမေရိ ကန်ဆီက တရုတ်ဝယ်တဲ့ကုန်စည်ဒေါ်လာ ၁၈၆ ဘီလီယံဖိုးအောက်ထစ်ထားပြီး အနည်းဆုံးဒေါ်လာဘီလီယံ ၂၀၀ လောက်ရှိတဲ့ အမေရိကန်ကုန်စည်တွေကို တရုတ်ကဝယ်ယူဖို့ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ စခဲ့တဲ့ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် နှစ်နိုင်ငံသာမက ကမ္ဘာ့စီးပွားရေးတိုးတက်မှုတေွကို ထိခိုက်ခဲ့ ပါတယ်။

Source – Reuters


(Unicode)
အမေရိကန်-တရုတ်အစဦးကုန်သွယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးပေမဲ့ စိုးရိမ်မှုတွေ္ဂရှိနေသေး
……………………………………………………………

ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စုမှာ လက်မှတ်ရေးထိုးတဲ့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံ ၂ နိုင်ငံအစဦး ကုန် သွယ်ရေးသဘောတူညီချက်အရ နှစ်နှစ်အတွင်း ဒေါ်လာဘီလီယံ ၂၀၀ ဖိုးလောက်ရှိတဲ့အမေရိကန် ကုန် စည်တွေနဲ့ ဝန်ဆောင်မှုတွေကို တရုတ်နိုင်ငံက တိုးချဲ့ဝယ်ယူသွားမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ စည်းကြပ်ခွန် တွေ ပြန်လျော့ပေးရမှာဖြစ်ပါတယ်။

သဘောတူညီချက်ကြောင့် ၁၈ လကြာ ကမ္ဘာ့တိုးတက်မှုကိုရိုက်ခတ်နေတဲ့ဖြစ်ရပ်ကို ဖြေလျှော့လိုက်တာပါ။ အထိအခိုက်ရှိတဲ့ပြဿနာတွေကိုမဖြေရှင်းရသေးတာနဲ့ တင်းမာမှုတွေလျော့ကျဖို့ မလုပ်နိုင်ဘူးဆိုတဲ့ စိုးရိမ်စိတ် တွေ တိုးတက်မလာခင်တော့ သဘောတူညီချက်ရေးထိုးတဲ့သတင်းကြောင့် ကမ္ဘာ့အဓိကစတော့ဈေးကွက် ညွှန်း ကိန်းတွေစံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အမေရိကန်စက်သုံးဆီနဲ့ရေနံတွေကို တရုတ်ဘက်က ဝယ်မယ်လို့ မျှော် လင့်ချက်တွေရဲ့အကူအညီနဲ့ စက်သုံးဆီဈေးလည်းမြင့်တက်ခဲ့ပါတယ်။

နောက်ထပ်ပြဿနာတွေဖြေရှင်းဖို့ ကျန်နေသေးတာကို အသိအမှတ်ပြုပြီး အခုသဘောတူညီချက်လက်မှတ် ရေးထိုးနိုင်ခဲ့တာဟာ အမေရိကန်စီးပွားရေးနဲ့ အမေရိကန်အုပ်ချုပ်ရေးရဲ့ကုန်သွယ်ရေးမူဝါဒတွေရဲ့အောင်ပွဲလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။

သဘောတူညီချက်ဟာ နှစ်နိုင်ငံကြားမတူညီမှုတွေကို ဆွေးနွေးမှုနဲ့ဖြေရှင်းနိုင်ခဲ့တဲ့သင်္ကေတဖြစ်တယ်လို့ တရုတ်ခေါင်းဆောင်က ချီးကျူးပြောဆိုခဲ့တယ်ဆိုပြီး တရုတ်သမ္မတရှီကျင်းပင်ဆီက စာကိုဖတ်ပြခဲ့တဲ့ တရုတ် ဒုတိယအဓိပတိလျူဟီကပြောပါတယ်။ သဘောတူညီချက်ရဲ့ အဓိကအပိုင်းကတော့ ၂၀၁၇ ခုနှစ်မှာ အမေရိ ကန်ဆီက တရုတ်ဝယ်တဲ့ကုန်စည်ဒေါ်လာ ၁၈၆ ဘီလီယံဖိုးအောက်ထစ်ထားပြီး အနည်းဆုံးဒေါ်လာဘီလီယံ ၂၀၀ လောက်ရှိတဲ့ အမေရိကန်ကုန်စည်တွေကို တရုတ်ကဝယ်ယူဖို့ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ စခဲ့တဲ့ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် နှစ်နိုင်ငံသာမက ကမ္ဘာ့စီးပွားရေးတိုးတက်မှုတွေကို ထိခိုက်ခဲ့ ပါတယ်။

Source – Reuters

#PeopleMedia #International

No comments:

Post a Comment

My Blog List