Tuesday, January 14, 2020

မူးယစ်ဆေးဝါးပပျောက်ရေးကို ဖမ်းဆီးမှုဖြင့်သာ ဆောင်ရွက်ပါက အကျဉ်းထောင်များတွင် လူများရုံသာရှိဟု ဦးခင်ရီ ပြော


Image may contain: 1 person, indoor
မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများတွင် ပပျောက် ရန်နည်းလမ်းများ ဆောင်ရွက် ခြင်းမရှိဘဲ ဖမ်းဆီးမှုများဖြင့်သာဆောင်ရွက်နေပါက အကျဉ်း ထောင်များတွင် လူများရုံသာရှိ နေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဟောင်းဦးခင်ရီ က ပြောသည်။
ဇန်နဝါရီ ၁၁ ရက်က ပြု လုပ်ခဲ့သော ဏေျအယ ဏမနျနညအ ညေိ ၂ဝ၂ဝ စကားဝိုင်းဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

"မူးယစ်ဆေးဝါးပြတ်နိုင်ဖို့ က ဖမ်းရုံပဲ ဖမ်းမယ်ဆိုရင်တော့ အလကားနေထောင်ထဲမှာ လူ များတာပဲရှိမယ်" ဟု ဦးခင်ရီက ပြောသည်။

ယင်းပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ဖမ်းဆီးခြင်း သည်ဥပဒေအရ ဆောင်ရွက်နိုင် ခြင်းသာဖြစ်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းမဟုတ် ကြောင်း၊ မူးယစ်ဆေးဝါး အမှန် တကယ်တိုက်ဖျက်လိုပါက ငြိမ်း ချမ်းရေးရရှိအောင် ဆောင်ရွက် ရန်နှင့် ယင်းသို့ ဖြစ်ပေါ်လာစေ သောအကြောင်းအရာများကို ဆောင်ရွက်မှသာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"နိုင်ငံတော်သမ္မတကြီးကိုယ် တိုင် မူးယစ်ဆေးဝါးကို ဦးစားပေး အနေနဲ့လုပ်နေတာရှိတယ်။ ဖမ်း တယ်ဆီးတယ်။ မူးယစ်ဆေးဝါး ဆိုတာ ဖမ်းရုံဆီးရုံနဲ့ရတာမဟုတ် ဘူး။ ဥပဒေအရဆောင်ရွက်နိုင် တာပဲရှိတယ်။ သူတို့ရဲ့နောက်မှာ အများကြီးရှိတယ် ငြိမ်းချမ်းရေး မူးယစ်ဆေးမဖျက်နိုင်ဘူး။ အဓိက ယနေ့မူးယစ်ဆေးဝါးချက်နေတာ ရန်ကုန်မြို့မှာမဟုတ်ဘူး" ဟု ဦး ခင်ရီက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မူး ယစ်ဆေးအမြောက်အမြား ဖမ်း ဆီးရမှုရှိနေသော်လည်း ဖမ်းဆီး ရမိသူများသည် လက်ဝယ်ဖြန့်ချိ သူများသာဖြစ်ပြီး အဓိက ထုတ် လုပ်သူများကို ဖမ်းဆီးနိုင်မှုမရှိ သေးသည့်အတွက် ဝေဖန်မှုများ လည်းရှိနေသည်။ ယင်းသို့နေရာ များကို သတင်းပေးနိုင်ပါက ဆု ကြေးငွေဆုချမည်ဟုလည်း နိုင်ငံ တော်သမ္မတကပြောဆိုထား သည်။

နှင်းနွယ်
Unicode
မူးယစ်ဆေးဝါးပပျောက်ရေးကို ဖမ်းဆီးမှုဖြင့်သာ ဆောင်ရွက်ပါက အကျဉ်းထောင်များတွင် လူများရုံသာရှိဟု ဦးခင်ရီ ပြော
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများတွင် ပပျောက် ရန်နည်းလမ်းများ ဆောင်ရွက် ခြင်းမရှိဘဲ ဖမ်းဆီးမှုများဖြင့်သာဆောင်ရွက်နေပါက အကျဉ်း ထောင်များတွင် လူများရုံသာရှိ နေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဟောင်းဦးခင်ရီ က ပြောသည်။


"မူးယစ်ဆေးဝါးပြတ်နိုင်ဖို့ က ဖမ်းရုံပဲ ဖမ်းမယ်ဆိုရင်တော့ အလကားနေထောင်ထဲမှာ လူ များတာပဲရှိမယ်" ဟု ဦးခင်ရီက ပြောသည်။

ယင်းပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ဖမ်းဆီးခြင်း သည်ဥပဒေအရ ဆောင်ရွက်နိုင် ခြင်းသာဖြစ်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းမဟုတ် ကြောင်း၊ မူးယစ်ဆေးဝါး အမှန် တကယ်တိုက်ဖျက်လိုပါက ငြိမ်း ချမ်းရေးရရှိအောင် ဆောင်ရွက် ရန်နှင့် ယင်းသို့ ဖြစ်ပေါ်လာစေ သောအကြောင်းအရာများကို ဆောင်ရွက်မှသာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

"နိုင်ငံတော်သမ္မတကြီးကိုယ် တိုင် မူးယစ်ဆေးဝါးကို ဦးစားပေး အနေနဲ့လုပ်နေတာရှိတယ်။ ဖမ်း တယ်ဆီးတယ်။ မူးယစ်ဆေးဝါး ဆိုတာ ဖမ်းရုံဆီးရုံနဲ့ရတာမဟုတ် ဘူး။ ဥပဒေအရဆောင်ရွက်နိုင် တာပဲရှိတယ်။ သူတို့ရဲ့နောက်မှာ အများကြီးရှိတယ် ငြိမ်းချမ်းရေး မူးယစ်ဆေးမဖျက်နိုင်ဘူး။ အဓိက ယနေ့မူးယစ်ဆေးဝါးချက်နေတာ ရန်ကုန်မြို့မှာမဟုတ်ဘူး" ဟု ဦး ခင်ရီက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မူး ယစ်ဆေးအမြောက်အမြား ဖမ်း ဆီးရမှုရှိနေသော်လည်း ဖမ်းဆီး ရမိသူများသည် လက်ဝယ်ဖြန့်ချိ သူများသာဖြစ်ပြီး အဓိက ထုတ် လုပ်သူများကို ဖမ်းဆီးနိုင်မှုမရှိ သေးသည့်အတွက် ဝေဖန်မှုများ လည်းရှိနေသည်။ ယင်းသို့နေရာ များကို သတင်းပေးနိုင်ပါက ဆု ကြေးငွေဆုချမည်ဟုလည်း နိုင်ငံ တော်သမ္မတကပြောဆိုထား သည်။

နှင်းနွယ်

No comments:

Post a Comment

My Blog List