Thursday, January 16, 2020

နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် ဆန္ဒအလျောက် ကူညီပံ့ပိုးလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများအား ဖိတ်ခေါ်

Image may contain: textImage may contain: text
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပြည်သူများ၏ညီညွတ်သည့် စိတ်ဓာတ်နှင့် ခွန်အားတို့သည် လွန်စွာအရေးကြီးပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ အင်အား မတောင်းတင်းသော်လည်း ကြုံတွေ့လျက်ရှိသည့် အခက်အခဲများကို ပြည်တွင်းပြည်ပ မြန်မာမိသားစုဝင်များ၏ စိတ်ဓာတ်အင်အား၊ ဝီရိယအင်အား၊ ဇွဲလုံလအင်အား တို့ဖြင့် ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံ သားများအနေဖြင့် မည့်သည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ မည့်သည့်နိုင်ငံသားဖြစ်စေ မြန်မာမိသားစုဝင်များ ဖြစ်ကြသည့်အလျောက် နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများ တွင် မိမိတို့တတ်သိ ကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် တတ်အားသမျှပါဝင် ကူညီပံ့ပိုးအကျိုးပြုနိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြည်ပခရီးစဉ်များအတွင်း ဖိတ်ခေါ်ခဲ့ပြီး၊ မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားဟောင်းများကလည်း ယင်းသို့ ပါဝင်အကျိုးပြုရန်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြပါသည်။

၂။ သို့ဖြစ်ရာ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့် မိမိတို့တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်အတွက် ပါဝင်ကူညီပံ့ပိုးအကျိုးပြုလိုပါက ပူးတွဲပါပုံစံတွင် (https://www.mofa.gov.mm/ wp-content/uploads/2020/01/Attachement-CV.pdf) ဖြည်စွက်၍ သက်ဆိုင်ရာ မြန်မာသံရုံး/ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့တွင် လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ကောင်စစ် ရေးရာဌာန (တယ်လီဖုန်းအမှတ်၊ ++၉၅ ၆၇ ၄၁၂၀၆၂/ ၄၁၂၁၈၅၊ အီးမေးလ်လိပ်စာ၊ conlegmofa. mm@gmail.com)ထံသို့ လည်းကောင်း ဆက်သွယ်ပေးပို့နိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။
၃။ ထိုသို့ မြန်မာသံရုံး/ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး/ မြန်မာကောင်စစ် ဝန်ချုပ် ရုံးများနှင့် ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာ ဦးစီးဌာနတို့မှတစ်ဆင့် ဆန္ဒပြုလျှောက်ထားမှုများနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှ ဖွဲ့စည်းထားရှိသည့် လုပ်ငန်းဆောင်တာအဖွဲ့သည် သက်ဆိုင်ရာသို့ တင်ပြလမ်းညွှန်မှု ခံယူလျက် ဆန္ဒပြုလျှောက်ထားသည့်နယ်ပယ်နှင့် ကဏ္ဍရပ်များအပေါ်မူတည်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
No photo description available.
ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်

Credit - နိုင်ငံခြားရေးဝန်ကြီးဌာန
The Ladies News
Unicode
နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် ဆန္ဒအလျောက် ကူညီပံ့ပိုးလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများအား ဖိတ်ခေါ်
--- --- ---

No comments:

Post a Comment

My Blog List