Thursday, January 16, 2020

အခြေခံဥပဒေပြင်ဆင်မယ့် ပူတင်ရဲ့ အစီအစဉ်ကြောင့် ရုရှားအစိုးရအဖွဲ့တစ်ဖွဲ့လုံး ရာထူးက နုတ်ထွက်

Image may contain: 2 people, people sitting and indoor
ရုရှားသမ္မတ ပူတင်က အခြေခံဥပဒေပြင်ဆင်မယ့် အစီအစဉ်ကို လွှတ်တော်ထဲမှာ ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ ရုရှားဝန်ကြီးချုပ် ဒီမစ်ထရီမက်ဗီဒက် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တစ်ဖွဲ့လုံး ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ 

ပူတင်က မက်ဗီဒက်ကို အမျိုးသားလုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲအဖြစ် ပြောင်းလဲနေရာချထားဖို့ ပြောခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ပူတင်ရဲ့ အဆိုပြုချက်တွေက ရုရှားနိုင်ငံရဲ့ အခြေခံဥပဒေဆိုင်ရာ ပုဒ်မတွေကို အပြောင်းအလဲဖြစ်စေမယ့်အပြင် အာဏာချိန်ခွင်လျှာတစ်ခုလုံးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေကိုပါ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်စေလိမ့်မယ်လို့ မက်ဗီဒက်က ဆိုပါတယ်။ ''အဲဒီအတွက် လက်ရှိအစိုးရအဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်လိုက်တာပါ''လို့ မက်ဗီဒက်က ပြောပါတယ်။ ရုရှားအစိုးရအဖွဲ့တစ်ဖွဲ့လုံး ရာထူးက နုတ်ထွက်တယ်ဆိုတဲ့ ကြေညာချက်က အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ရုရှားအစိုးရအဖွဲ့ရဲ့ စွမ်းဆောင်မှုအတွက် ကျေးဇူးတင်တယ်လို့ ပူတင်က ကြေညာခဲ့ပါတယ်။ ပူတင်ရဲ့ စတုတ္ထမြောက် သမ္မတသက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ လက်ရှိအခြေခံဥပဒေအရ ပူတင်အနေနဲ့ နောက်ထပ်သက်တမ်း တာဝန်ထမ်းဆောင်ခွင့် မရှိတော့ပါဘူး။
Nz (ရိုးရာလေး)

No comments:

Post a Comment

My Blog List