လူငယ်များ၏ စာရိတ္တမဏ္ဍိုင် မြင့်မားလာစေရန်အတွက် စာသင်ကျောင်းများတွင် ပြည်သူ့နီတိသင်ခန်းစာများ ပြန်လည်သင်ကြားပေးသင့်ကြောင်း နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်က ပြောသည်။
နေပြည်တော် ပျဉ်းမနားမြို့ မဟာမင်္ဂလာဗျုဟာခန်းမတွင်ယနေ့ နံနက်ပိုင်းကဘပြုလုပ်သည့် သင်ယူမှုအခွင့်အလမ်းမြင့်မားရေး ၊အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်း အကောင်အထည်ဖော်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရေးညှိနှိုင်းအစည်းအဝေးတွင် ဒေါက်တာမျိုးအောင်ကပြောကြားခဲ့ခြင်းဖြစ်သည်။
"အရေးကြီးဆုံးက စာရိတ္တမဏ္ဍိုင်မြှင့်တင်ပေးဖို့ ကျောင်းသင်ခန်းစာတွေမှာ ကျွန်တော်တို့ ဟိုး.. ငယ်ငယ်က သင်ခဲ့ရသလို ပြည်သူ့နီတိသဘောတရားတွေကို ဘာသာရပ်တခုအနေနဲ့ မဟုတ်တောင် သင်ရိုးညွှန်းတမ်းထဲမှာ ထည့်ပေးဖို့လိုအပ်တယ်ဆိုတဲ့ အယူအဆတခု တင်ပြချင်ပါတယ်" ဟု ၎င်းကပြောသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၊ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊နေပြည်တော်ကောင်စီဝင်များ၊
ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တို့
မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည်တော်မှ ပညာရေးဝန်ထမ်းများတင်ရောက်ခဲ့ကြသည်။
ထွန်း (နေပြည်တော်)
No comments:
Post a Comment