Thursday, January 16, 2020

တပ်မတော်စီးပွားရေးလုပ်ငန်းများ တရားဝင် အခွန်ဆောင်လုပ်ကိုင်နေဟုဆို

Image may contain: text
မြန်မာ့တပ်မတော်က လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတော်ကို တရားဝင်အခွန်ဆောင်ပြီး လုပ်ကိုင်နေတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ 
Burma Campaign UK အဖွဲ့က ဇန်နဝါရီ(၁၄)ရက်က မြန်မာ့တပ်မတော်ပိုင် စီးပွားရေးကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေနဲ့အမှတ်တံဆိပ်တွေကို သပိတ်မှောက်တဲ့ စာရင်းထုတ်ပြန်တာနဲ့ပတ်သက်လို့ မေးမြန်းခဲ့တာကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
" တပ်မတော်ရဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့ဟာ နိုင်ငံတော်ကို အခွန်ဆောင်ပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကလည်း တပ်မတော်သား မိသားစုတွေ၊ စစ်သည်တွေနဲ့ စစ်မှုထမ်းဟောင်းများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ တရားဝင်လုပ်ငန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလည်း ဖြစ်တယ်၊ နိုင်ငံတော် စီးပွားရေးအထောက်ကူပြုဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်" လို့ ပြောကြားခဲ့တာပါ။

အခု ထုတ်ပြန်လိုက်တဲ့လုပ်ရပ်ဟာ တပ်မတော်မိသားဝင်တွေ၊ စစ်မူထမ်းဟောင်းတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာမရောက်ဘူးလားလို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြန်လည် မေးခွန်းထုတ်ခဲ့ပါတယ်။

Burma Campaign UK အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ဆောက်လုပ်ရေး၊ သတင်းမီဒီယာ၊ ဖျော်ဖြေရေး၊ စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ ကုန်သွယ်ရေးစတဲ့ တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းတွေက ထုတ်ကုန်တွေနဲ့ အမှတ်တံဆိပ် စုစုပေါင်း (၁၄၉)ခုကို သပိတ်မှောက်တယ်လို့ ဖော်ပြပါရှိပါတယ်။

No comments:

Post a Comment

My Blog List