Thursday, January 16, 2020

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရ

Image may contain: sky and outdoor, text that says 'RFA'
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ အထောက်အထားမပြည်စုံတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးနေတယ်လို့ မူဆယ်အခြေစိုက် အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လေးရက်အတွင်း ရွှေလီဘက်ကမှာ အထောက်အထားမပြည်စုံတဲ့ မြန်မာနိုင်ငံသား ၂၄၀ ကိုဖမ်းဆီးထားပြီး အဲအထဲက အသက် ၁၈ နှစ်မပြည့်တဲ့သူတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတချို့ကိုတော့ ပြန်လွှတ်ပေးတယ်လို့ မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းက ဦးသောင်းထွန်း ပြောပါတယ်။
တရုတ်နိုင်ငံမှာ အထောက်အထားမဲ့တဲ့သူတွေကို ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားထွက်ပေးဖို့ တရုတ်အာဏာပိုင်တွေက ကြေညာထားတယ်လို့ အရပ်ဘက်အဖွဲ့တွေကပြောပါတယ်။
ဒီလိုမြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က ဖမ်းဆီးတာဟာ မြဝတီမြို့မှာ တရားမဝင်နေထိုင်တဲ့ တရုတ်တွေကို မြန်မာဘက်က ဖမ်းဆီးတာနဲ့ ဆက်စပ်နိုင်တယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။
ရွှေလီအခြေစိုက် မိုးမခဖောင်ဒေးရှင်းက ဒေါ်မိုးမခကတော့ တရုတ်နယ်စပ်မှာ အခုလို တရုတ်နှစ်သစ်ကူးကာလရောက်တိုင်း တရားမဝင် ဝင်ရောက်နေထိုင်တဲ့သူတွေကို ဖမ်းဆီးကာ မြန်မာနိုင်ငံဘက်ကို ပြန်ပို့လေ့ရှိတယ်လို့ ပြောပါတယ်။
တရုတ်မြန်မာနယ်စပ်မှာ ခုနှစ်ရက်နေထိုင်ခွင့် စာအုပ်အနီ၊ အလုပ်ရှင်ထောက်ခံချက်နဲ့ တစ်နှစ်နေထိုင်ခွင့်ရှိတဲ့ စာအုပ်အစိမ်းဆိုပြီး နှစ်မျိုးရှိကာ အခုဖမ်းဆီးတာတွေက စာအုပ်အနီရှိတဲ့သူတွေကို ဖမ်းဆီးတာလို့ မိုးမခဖောင်ဒေးရှင်းက ဒေါ်မိုးမခက ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီနဲ့ ကြယ်ခေါင်မြို့တွေမှာ မြန်မာအလုပ်သမားတွေဟာ အထောက်အထားမရှိတဲ့သူတွေ ပိုများတယ်လို့ သိရပါတယ်။
- Unicode
~~~~~~~~~~~~~~~

Zawgyi
ဓါတ်ပုံ - ကံသာ/ RFA

(ရွှေလီနယ်စပ်တံတား ဝင်ပေါက်ကို တွေ့ရစဥ်)

No comments:

Post a Comment

My Blog List