Tuesday, January 14, 2020

AA အကြမ်းဖက်သောင်းကျန်းသူများက ပလက်ဝမြို့နယ် အတွင်းရှိ ကျောင်းဆရာ တစ်ဦးနှင့် အရပ်သားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်


Image may contain: text that says 'AA အကြမ်းဖက်သောင်းကျန်းသူများက ပလက်ဝမြို့နယ် အတွင်းရှိ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်'

AA အကြမ်းဖက်သောင်းကျန်းသူများက ပလက်ဝမြို့နယ် အတွင်းရှိ ကျောင်းဆရာ တစ်ဦးနှင့် အရပ်သားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြက်ဥဝကျေးရွာနေ ဦးလှစိန်၊ ဦးချစ်စု၊ မူလတန်းကျောင်းအုပ် ဆရာဖြစ်သူ ဦးဟာဗီလှတို့ သုံးဦးသည် ဇန်နဝါရီ ၇ ရက် ည ၈ နာရီ ခန့်တွင် ဦးလှစိန်၏ နေအိမ်၌ စကားပြောနေစဉ် AA အကြမ်းဖက် သောင်းကျန်းသူ ၁၀ ဦး ခန့်ရောက်ရှိလာပြီး ၎င်းင်းတို့သုံးဦးအား အကြောင်းမဲ့ ဖမ်းဆီး၍ ရွာ၏ မြောက်ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူများ ဖမ်းဆီးခေါ်ဆောင်သွားသည့် နေရာ တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် ဦးလှစိန်၊ ဦးချစ်စုနှင့် ဦးဟာဗီလှတို့ သုံးဦးအား ကြက်ဥဝကျေးရွာနှင့် အန်ကူဝကျေးရွာကြားရှိ လယ်ကွင်းနှင့် တောစပ်နေရာတို့၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်းကို ကြက်ဥဝ ကျေးရွာသားများက တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ပလက်ဝမြို့နယ် အတွင်းရှိ အပြစ်မဲ့ ပြည်သူများကို ယခုကဲ့သို့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် အစုလိုက်အပြုံလိုက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို မင်းမဲ့ စရိုက်ဆန်ဆန် ပြုလုပ်လျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရု့း
The Ladies News
AA အကြမ်းဖက်သောင်းကျန်းသူများက ပလက်ဝမြို့နယ် အတွင်းရှိ ကျောင်းဆရာ တစ်ဦးနှင့် အရပ်သားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်
--- --- ---

AA အကြမ်းဖက်သောင်းကျန်းသူများက ပလက်ဝမြို့နယ် အတွင်းရှိ ကျောင်းဆရာ တစ်ဦးနှင့် အရပ်သားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြက်ဥဝကျေးရွာနေ ဦးလှစိန်၊ ဦးချစ်စု၊ မူလတန်းကျောင်းအုပ် ဆရာဖြစ်သူ ဦးဟာဗီလှတို့ သုံးဦးသည် ဇန်နဝါရီ ၇ ရက် ည ၈ နာရီ ခန့်တွင် ဦးလှစိန်၏ နေအိမ်၌ စကားပြောနေစဉ် AA အကြမ်းဖက် သောင်းကျန်းသူ ၁၀ ဦး ခန့်ရောက်ရှိလာပြီး ၎င်းင်းတို့သုံးဦးအား အကြောင်းမဲ့ ဖမ်းဆီး၍ ရွာ၏ မြောက်ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူများ ဖမ်းဆီးခေါ်ဆောင်သွားသည့် နေရာ တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် ဦးလှစိန်၊ ဦးချစ်စုနှင့် ဦးဟာဗီလှတို့ သုံးဦးအား ကြက်ဥဝကျေးရွာနှင့် အန်ကူဝကျေးရွာကြားရှိ လယ်ကွင်းနှင့် တောစပ်နေရာတို့၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်းကို ကြက်ဥဝ ကျေးရွာသားများက တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ပလက်ဝမြို့နယ် အတွင်းရှိ အပြစ်မဲ့ ပြည်သူများကို ယခုကဲ့သို့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် အစုလိုက်အပြုံလိုက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို မင်းမဲ့ စရိုက်ဆန်ဆန် ပြုလုပ်လျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရု့း
The Ladies News

No comments:

Post a Comment

My Blog List