ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ်ချေးငွေဖြင့် အရစ်ကျရောင်းချရေး အစီအစဉ်သည် ကားဈေးကွက်ကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်မည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
“အရောင်းစင်တာသမားတွေကလည်း ဒီလိုကားတွေဝင်လာရင် လက်ရှိသွင်းထားတဲ့ကားတွေနဲ့ ဈေးကွက်ပျက်သွားမလား၊ ထိခိုက်သွားမလားဆိုပြီး စိုးရိမ်ပူပန်မှုတွေလည်း ကြားသိနေရပါတယ်။ ကျွန်တော်တို့သွင်းမယ့် ကားတွေကလည်း တစ်ဆင့်ပြီးတစ်ဆင့်သွင်းမှာဖြစ်သလို အရေအတွက်ကလည်း အလွန်အရင်းအနှီးမများနိုင်တဲ့အတွက်ဈေးကွက်ကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်မယ်လို့ မထင်ပါဘူး” ဟု ၎င်းကပြောဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စာရင်းယူမှုလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်နေရာ ခွင့်ပြုချက်ရရှိလျှင် ဝန်ကြီးဌာနက လုပ်ငန်းဆာင်ရွက်မှု မြန်မြန်ဆန်ဆန်ဆာင်ရွက်နိုင်ရန် One Stop Service တစ်ခုဖွဲ့ပြီး လုပ်ပေးသွားမည့် အစီအစဉ်ရှိကြောင်း သိရသည်။
လက်ရှိတွင် အခွန်ကင်းလွတ်ခွင့်များကို ညှိနှိုင်းထားပြီး သက်ဆိုင်ရာဌာနများက ၎င်းတို့၏ ဥပဒေအရ ပေးနိုင်သည်များကို ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ယခုကိစ္စသည် နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာဆောင်ရွက်နေသည့် ဝန်ထမ်းများကို အစိုးရက စောင့်ရှောက်ခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များကလည်း နားလည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက တောင်းဆိုထားသည်။
ကားပါမစ်ရသည့် ဝန်ထမ်းတစ်ဦးက အခြားလူကို ပြန်လည်ရောင်းချနိုင်မည့်ကိစ္စကို ယခုချက်ချင်း လက်လွှဲရောင်းချခွင့်မရှိသော်လည်း နှစ်ကန့်သတ်ချက်သတ်မှတ်ထားကြောင်း သိရသည်။
ဆက်နိုင်
The Voice
No comments:
Post a Comment