Wednesday, January 15, 2020

ICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ဂမ်ဘီယာက မြန်မာကို တရားစွဲဆိုထားမှု ဇန်နဝါရီလ ၂၃ ရက်နေ့ အမိန့်ချမည်


Image may contain: 1 person, indoor
အပြည်ပြည်ဆိုင်ရာတရားရုံးICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာတရားစွဲဆိုထားမှုကို လာမည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ဂမ်ဘီယာတရားရေးဌာနက တွစ်တာလူမှုကွန်ရက်မှ တစ်ဆင့် ထုတ်ပြန်ကြေညာသည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှုများရှိနေ၍ အရေးပေါ် ကြားဖြတ် အမိန့်ချမှတ်၍ တားဆီးပေးရန် နိုဝင်ဘာလအတွင်း ICJ တရားရုံးတွင် လျှောက်ထားခဲ့ပြီး ဒီဇင်ဘာလအတွင်းတွင် မြန်မာအစိုးရနှင့် ဂမ်ဘီယာအစိုးရတို့ ICJ တွင် အမှုရင်ဆိုင်ခဲ့ကြသည်။

ဂမ်ဘီယာနိုင်ငံတရားရေးဌာနက ICJ တရားရုံးအနေဖြင့် ကြားဖြတ်အမိန့်ကို ချထားပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ပြောဆိုထားပြီး မြန်မာဘက်ကမူ မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှုမရှိ၍ ဂမ်ဘီယာ၏ လျှောက်ထားမှုကို လက်မခံဘဲ ပယ်ချရန် ICJ တရားရုံးသို့ တင်ပြထားသည်။

Photo - ICJ

No comments:

Post a Comment

My Blog List