Friday, January 17, 2020

ရိုဟင်ဂျာဟု ဦးဖြိုးမင်းသိန်းသုံးနှုန်းမှု ပါတီ၏သဘောထား မဟုတ်ဟု NLD ပြော


Image may contain: 1 person, standing
ရန်ကုန်မြို့ Sky Star Hotel တွင် ဇန်နဝါရီ ၁၆ ရက်ကပြုလုပ်သည့် YRTA (၃) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရိုဟင်ဂျာဟူသော အသုံးအနှုန်းကိုသုံးနှုန်း ခဲ့ပြီး ယင်းသို့ပြောဆိုခဲ့မှုသည် ပါတီ၏သဘောထားမဟုတ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာမျိုးညွှန့်ကပြောသည်။
၂၀၁၉ နှစ်ကုန်ပိုင်းက ပုသိမ်မြို့တွင်ဖမ်းဆီးခဲ့သည့် ဘင်္ဂါလီများကို YBS ယာဉ်များဖြင့် သွားရောက် ခေါ်ဆောင်ခဲ့သည့်ကိစ္စသည် ယာဉ်လိုင်းတစ်လိုင်းနှင့်သာဆိုင်ပြီး YRTA နှင့် မသက်ဆိုင်ကြောင်း ပြော ဆိုခဲ့ရာ ရိုဟင်ဂျာဟု ဝန်ကြီးချုပ်ကသုံးနှုန်းခဲ့ပြီး ဝေဖန်မှုများရှိခဲ့သည်။

“ကျွန်တော်တို့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တရားမဝင်ဝင်ရောက်လာတဲ့သူတွေကို ဘင်္ဂါလီ တွေလို့ပဲ သုံးနှုန်းပါတယ်ဗျ။ ရိုဟင်ဂျာဆိုတာ သူတို့ကိုယ်သူတို့သတ်မှတ်တဲ့ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်စေချင်လို့ သူတို့ကိုယ်သူတို့ သတ်မှတ်တဲ့အမည်ပါ။ ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး”ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။

လက်ရှိအစိုးရသည် နိုင်ငံတကာတရားရုံးများတွင် တရားရင်ဆိုင်နေစဉ်ကာလနှင့် ပြည်ပနိုင်ငံများ၏ ဖိ အားပေးပြောဆိုမှုများတွင် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုအစရှိသည့် အသုံးအနှုန်းများကို ကန့်ကွက်ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးဝဏ္ဏမောင်လွင်က ဇန်နဝါရီ(၁၁)ရက်က ဝေဖန်ပြောဆိုထားသည်။
ဝန်ကြီးချုပ်၏ ယင်းသို့သုံးနှုန်းခဲ့သည့်အပေါ် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ ရန်ကုန် တိုင်းဒေသကြီးစည်းရုံးရေးကော်မတီက ပြင်းထန်စွာကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ယင်းသို့ပြောဆိုမှုသည် တိုင်းဒေသကြီးဝန်ကြီးချုပ် အနေဖြင့်လည်းကောင်း၊ အာဏာရပါတီ၏ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးအနေဖြင့်သော်လည်းကောင်း တာဝန်ယူထားရသည့် နိုင်ငံ တော်အဆင့်ရှိ ထိပ်တန်းတာဝန်ရှိသူ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံအတွင်း သမိုင်းအဆက်ဆက် မရှိသည့် အသုံးအနှုန်းကို သုံးနှုန်းခဲ့မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း NDF ပါတီက ပြော ဆိုသည်။


--------------------------------------------------------------------

(Zawgyi)

ရိုဟင်ဂျာဟု ဦးဖြိုးမင်းသိန်းသုံးနှုန်းမှု ပါတီ၏သဘောထား မဟုတ်ဟု NLD ပြော

ဇန္နဝါရီ ၁၇
ဇော်ထွန်း

ရန်ကုန်မြို့ Sky Star Hotel တွင် ဇန်နဝါရီ ၁၆ ရက်ကပြုလုပ်သည့် YRTA (၃) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရိုဟင်ဂျာဟူသော အသုံးအနှုန်းကိုသုံးနှုန်း ခဲ့ပြီး ယင်းသို့ပြောဆိုခဲ့မှုသည် ပါတီ၏သဘောထားမဟုတ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာမျိုးညွှန့်ကပြောသည်။

၂၀၁၉ နှစ်ကုန်ပိုင်းက ပုသိမ်မြို့တွင်ဖမ်းဆီးခဲ့သည့် ဘင်္ဂါလီများကို YBS ယာဉ်များဖြင့် သွားရောက် ခေါ်ဆောင်ခဲ့သည့်ကိစ္စသည် ယာဉ်လိုင်းတစ်လိုင်းနှင့်သာဆိုင်ပြီး YRTA နှင့် မသက်ဆိုင်ကြောင်း ပြော ဆိုခဲ့ရာ ရိုဟင်ဂျာဟု ဝန်ကြီးချုပ်ကသုံးနှုန်းခြဲ့ပီး ဝေဖန်မှုများရှိခဲ့သည်။

“ကျွန်တော်တို့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တရားမဝင်ဝင်ရောက်လာတဲ့သူတွေကို ဘင်္ဂါလီ တွေလို့ပဲ သုံးနှုန်းပါတယ်ဗျ။ ရိုဟင်ဂျာဆိုတာ သူတို့ကိုယ်သူတို့သတ်မှတ်တဲ့ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်စေချင်လို့ သူတို့ကိုယ်သူတို့ သတ်မှတ်တဲ့အမည်ပါ။ ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး”ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။

လက်ရှိအစိုးရသည် နိုင်ငံတကာတရားရုံးများတွင် တရားရင်ဆိုင်နေစဉ်ကာလနှင့် ပြည်ပနိုင်ငံများ၏ ဖိ အားပေးပြောဆိုမှုများတွင် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုအစရှိသည့် အသုံးအနှုန်းများကို ကန့်ကွက်ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးဝဏ္ဏမောင်လွင်က ဇန်နဝါရီ(၁၁)ရက်က ဝေဖန်ပြောဆိုထားသည်။
ဝန်ကြီးချုပ်၏ ယင်းသို့သုံးနှုန်းခဲ့သည့်အေပါ် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ ရန်ကုန် တိုင်းဒေသကြီးစည်းရုံးရေးကော်မတီက ပြင်းထန်စွာကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ယင်းသို့ပြောဆိုမှုသည် တိုင်းဒေသကြီးဝန်ကြီးချုပ် အနေဖြင့်လည်းကောင်း၊ အာဏာရပါတီ၏ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးအနေဖြင့်သော်လည်းကောင်း တာဝန်ယူထားရသည့် နိုင်ငံ တော်အဆင့်ရှိ ထိပ်တန်းတာဝန်ရှိသူ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံအတွင်း သမိုင်းအဆက်ဆက် မရှိသည့် အသုံးအနှုန်းကို သုံးနှုန်းခဲ့မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချေကြာင်း NDF ပါတီက ပြော ဆိုသည်။

No comments:

Post a Comment

My Blog List