Tuesday, January 14, 2020

ဘဝမှာ အခက်အခဲအရမ်းကြုံနေရရင် ဒီဂါထာလေးရွတ်ကြည့်၊တစ်နေ့ ( ၇ ) ခေါက် ပုံမှန်ရွတ်ရုံနဲ့ထူးခြားလိမ့်မယ်

Image may contain: 3 people

မယုံမရှိနဲ့၊ ဘဝမှာ အခက်အခဲတွေ နဲ့ အရမ်း ကြုံနေရရင် ဒီဂါထာလေးကို ရွတ်ပွားကြည့်ပါ တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ပေးရုံနဲ့ ထူးခြားပါလိမ့်မည် ပါဠိအနက် အဓိပ္ပါယ်ကို သိရှိသဘောပေါက်စေရန် အရင်ဖတ်ထားမှတ်ထားပြီးနောက်မှ ရွတ်ပွားပါ ။

သိကြားမင်း ဂါထာတော်
ဝေဒါသာကု ၊ ကုသာဒါဝေ …. ဒါယသာတ ၊ တသာယဒါ
သာသာဓိကု ၊ ကုဓိသာသာ …. ကုတကုဘု ၊ ဘုကုတကု
ဂါထာ၏ အနက်အဓိပ္ပါယ်
ဝေ = ငါ၏ရန်သူ ဟူသမျှတို့သည် ဒါ = ဝေးစွာသော အရပ်သို့ သာ = လျင်စွာ ကု = ပြေးကုန်စေသတည်း။
ကု = ငါ့အား မကောင်းသဖြင့် ကြံကုန်သောသူတို့သည် သာ = အလိုလို ဒါ = အကြံအစည် ပျက်သောအားဖြင့် ဝေ = ပျောက်စေကုန်သတည်း။
ဒါ = ငါ၏ ဒါန စေတနာတို့ကြောင့် ယသာ=အခြံအရံ အကျော်အမော်တို့သည် တ = ပွါးများ စေကုန်သတည်း။
တသာ=ငါပြုမိသော အကုသိုလ် ၁၀ပါးတို့သည် ယ = ငါပြုမိသော ကုသိုလ်ဆယ်ပါး၏ ကောင်းမှုးတော်အစွမ်းတို့ကြောင့် ဒါ = ပြေပျောက်စေကုန်သတည်း။
သာ = စက်ဆုပ်ဖွယ်သောသူတို့အားလည်းကောင်း သာ = အမျက်မာန ဒေါသရှိသော သူတို့အားလည်းကောင်း ဓိ = ဆုံးမသြဝါဒ ပေးခြင်းဖြင့်သာလျှင် ကု = အောင်မြင်စေသတည်း။
ကု = ထိုထိုသော အမျက်မာန မာန်တက်သူတို့နှင့် ဓိ = ရှည်မြင့်စွာ သာ =မပေါင်းဖော်ရသည် သာ = ဖြစ်ပါစေသတည်း။
ကု = ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော တ = သူတော်ကောင်းတို့နှင့်သာလျှင် ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌ ဘု = တွေ့ဆုံပေါင်းဖော်ခြင်းကိုပြုရစေသတည်း။
ဘု = အကုသိုလ် ဒုစရိုက် ပွါးများသူတို့နှင့် ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌ တ = အခါ ခပ်သိမ်း ကု = တွေ့ဆုံပေါင်းဖော်ခြင်း မပြုရသည်ဖြစ်ပါစေသတည်းးး။
REF: SHWE THADIN

No comments:

Post a Comment

My Blog List