Friday, January 17, 2020

သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ရေးလုပ်ငန်းစဉ်အတွက် အထက်လွှတ်တော်အမတ်များ ကျမ်းကျိန်

Image may contain: 1 person, sitting and crowdImage may contain: 1 person, sitting and suit

အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကို စွပ်စွဲပြစ်တင်ရေးလုပ်ငန်းစဉ်အတွက် အခုလ(၁၆)ရက်က အထက်လွှတ်တော်အမတ်အယောက်(၁၀၀)က ဂျူရီလူကြီးတွေအဖြစ် ကျမ်းကျိန်ခဲ့ကြပါတယ်။
ဘက်မလိုက်တဲ့ တရားစီရင်ရေး လုပ်ဆောင်ဖို့ အထက်လွှတ်တော်အမတ်တွေ ကျမ်းကျိန်တာကို နိုင်ငံတော်တရားရုံးချုပ်ရဲ့ တရား သူကြီးအဖွဲ့အကြီးအကဲ ဂျွန်ရောဘတ်စ်က ဦးစီးပေးခဲ့ပါတယ်။ သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ခြင်း လုပ်မလုပ်ဆိုတာကို ဇန်နဝါရီလ (၂၁)ရက်က စတင်ပြီး အထက်လွှတ်တော်မှာ ဆွေးနွေးသွားမှာပါ။ အောက်လွှတ်တော်က ပေးပို့လာတဲ့စွဲချက်တွေနဲ့ပတ်သက်ပြီး သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်ခြင်း လုပ်မလုပ်ကို အထက်လွှတ်တော်အမတ်တွေက ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ အာဏာအလွဲ သုံးမှုနဲ့ ကွန်ဂရက်ရဲ့ လုပ်ငန်းစဉ်တွေကို နှောင့်ယှက်ပိတ်ပင်မှုစွဲချက်တွေနဲ့ သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ အောက်လွှတ်တော်က အတည်ပြုခဲ့ပြီးပါပြီ။ သမ္မတထရမ့်ကတော့ ဘာအမှားမျှမလုပ်ခဲ့ကြောင်းနဲ့ စွဲချက်တွေက လုပ်ဇာတ်ကြီးဖြစ်ကြောင်း ခုခံပြောဆို ထားပါတယ်။

Source - Reuters
Translated by Su San Soe

No comments:

Post a Comment

My Blog List