Wednesday, January 15, 2020

ကြိုးဆွဲချ အမျိုးသမီးငယ်၏ ဝိညာဉ် မိခင်ကိုဝင်ပူးပြီး လုပ်ကြံခံရသည်ဟု ပြောသဖြင့် ပြန်အမှုဖွင့်ရန် စီစဉ်နေ

Image may contain: 1 person, childImage may contain: 2 people
ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၌ လွန်ခဲ့သော သုံးရက်က ကြိုးဆွဲချသေဆုံးခဲ့သော အမျိုးသမီးငယ်၏ ဝိညာဉ်မှ အသုဘချခါနီး မိခင်ဖြစ်သူအား ဝင်ပူးသည်ဟုဆိုကာ သူ့ကို အခြားသူက လုပ်ကြံသည်ဟု ပြောဆိုသဖြင့် မိဘများက ရဲစခန်း တွင် ပြန်လည်အမှုဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ 

ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ကန်သာယာလမ်းနေ ရွှေရင်အေးရောင်းချသူ အသက်(၁၈)နှစ်အရွယ် မပန်းအိဖြူ(ခ)မိတောသည် ဇန်နဝါရီ ၁၂ ရက် ည ၁၀ နာရီခန့်ကအိမ်အပေါ်ထပ်တွင် ၁၀ ပေခန့်ရှည်သောနိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးခဲ့ရာနယ်မြေခံရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၂/၂၀၂၀)ဖြင့် အမှုဖွင့်လှစ်ထားခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ၂ နာရီက သုသာန်တွင် မြေမြှုပ်ထားခဲ့ကြောင်း သိရသည်။
"ကလေးမသေဆုံးစဉ် နေအိမ်မှာဘယ်သူမှမရှိပါဘူး။ အသုဘချခါနီး သေဆုံးသူ ကလေးမက သူ့မိခင်ကိုဝင်ပူးတယ်။ပြီးတော့ သူ့ကို တခြားသူက လုပ်ကြံတယ်လို့ပြောတော့ အသုဘပို့မယ့်လူတွေအံ့ဩကုန်တယ်။ အဲဒီတော့ ကျွန်တော်တို့ကလေးမ သေဆုံးစဉ်စစ်ဆေးခဲ့တဲ့ မှုခင်းဆရာဝန်နဲ့ သွားတိုင်ပင်ပါတယ်။ ဆရာဝန်ကတော့ ဆွဲကြိုးချသေတာအမှန်ပဲ။သေဆုံးတဲ့လက္ခဏာက ဆွဲကြိုးချတာဖြစ်ကြောင်းနဲ့ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်"ဟု သေဆုံးသူနှင့် အိမ်နီးနားချင်း ဦးကြည်လင်းက ပြောဆိုသည်။
ကြိုးဆွဲချ သေဆုံးခဲ့သူ မပန်းအိဖြူ(ခ)မိတောဝိညာဉ်က မိခင်ဖြစ်သူကိုဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲကအသုဘပို့ခါ နီး ဝင်ပူးသည်ဟုဆိုကာ မိဘကိုလုပ်ကျွေးမည့်သူမရှိတော့သဖြင့် စိတ်မကောင်းကြောင်း၊ သူ့ကိုအခြားသူနှစ်ဦးက ကြိုးဖြင့် ဆွဲ၍သတ်ခဲ့ကြောင်းမိခင်ဖြစ်သူအား ငိုယို ပြောဆိုခဲ့သဖြင့် မိဘနှစ်ပါးက သေဆုံးသည့် သမီးအတွက် သံသယဖြစ်ကာ ရဲစခန်းတွင် ထပ်မံအမှုဖွင့်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - မျိုးမြတ်(မြစ်မခ)
(Unicode Version)
ကြိုးဆွဲချ အမျိုးသမီးငယ်၏ ဝိညာဉ် မိခင်ကိုဝင်ပူးပြီး လုပ်ကြံခံရသည်ဟု ပြောသဖြင့် ပြန်အမှုဖွင့်ရန် စီစဉ်နေ
ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၌ လွန်ခဲ့သော သုံးရက်က ကြိုးဆွဲချသေဆုံးခဲ့သော အမျိုးသမီးငယ်၏ ဝိညာဉ်မှ အသုဘချခါနီး မိခင်ဖြစ်သူအား ဝင်ပူးသည်ဟုဆိုကာ သူ့ကို အခြားသူက လုပ်ကြံသည်ဟု ပြောဆိုသဖြင့် မိဘများက ရဲစခန်း တွင် ပြန်လည်အမှုဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ကန်သာယာလမ်းနေ ရွှေရင်အေးရောင်းချသူ အသက်(၁၈)နှစ်အရွယ် မပန်းအိဖြူ(ခ)မိတောသည်
ဇန်နဝါရီ ၁၂ ရက် ည ၁၀ နာရီခန့်ကအိမ်အပေါ်ထပ် တွင် ၁၀ ပေခန့်ရှည်သောနိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးခဲ့ရာနယ်မြေခံရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၂/၂၀၂၀)ဖြင့် အမှုဖွင့်လှစ်ထားခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ၂ နာရီက သုသာန်တွင် မြေမြှုပ်ထားခဲ့ကြောင်း သိရသည်။
"ကလေးမသေဆုံးစဉ် နေအိမ်မှာဘယ်သူမှမရှိပါဘူး။ အသုဘချခါနီး သေဆုံးသူ ကလေးမက သူ့မိခင်ကိုဝင်ပူးတယ်။ပြီးတော့ သူ့ကို တခြားသူက လုပ်ကြံတယ်လို့ပြောတော့ အသုဘပို့မယ့်လူတွေအံ့ဩကုန်တယ်။ အဲဒီတော့ ကျွန်တော် တို့ကလေးမ သေဆုံးစဉ်စစ်ဆေးခဲ့တဲ့ မှုခင်းဆရာဝန်နဲ့ သွားတိုင်ပင်ပါတယ်။ ဆရာဝန်ကတော့ ဆွဲကြိုးချသေတာအမှန်ပဲ။သေဆုံးတဲ့လက္ခဏာက ဆွဲကြိုးချတာဖြစ်ကြောင်းနဲ့ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်"ဟု သေဆုံးသူနှင့် အိမ်နီးနားချင်း ဦးကြည်လင်းက ပြောဆိုသည်။
ကြိုးဆွဲချ သေဆုံးခဲ့သူ မပန်းအိဖြူ(ခ)မိတောဝိညာဉ်က မိခင်ဖြစ်သူကိုဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲကအသုဘပို့ခါ နီး ဝင်ပူးသည်ဟုဆိုကာ မိဘကိုလုပ်ကျွေး မည့်သူမရှိတော့သဖြင့် စိတ်မကောင်းကြောင်း၊ သူ့ကိုအခြားသူနှစ်ဦးက ကြိုးဖြင့် ဆွဲ၍သတ်ခဲ့ကြောင်းမိခင်ဖြစ်သူအား ငိုယို ပြောဆိုခဲ့သဖြင့်မိဘနှစ်ပါးက သေဆုံးသည့် သမီးအတွက်သံသယဖြစ်ကာ ရဲစခန်းတွင် ထပ်မံအမှုဖွင့်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - မျိုးမြတ်(မြစ်မခ)

No comments:

Post a Comment

My Blog List