Wednesday, January 15, 2020

နှစ်သစ်အခါသမယ တရုတ်သမ္မတလာရောက်ခြင်းမှာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်က မြန်မာအပေါ်အလေးထားကြောင်းပြသခြင်းဖြစ်ဟု ဦးကိုကိုလှိုင် သုံးသပ်


Image may contain: 4 people, text that says 'News Watch'
တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် နှစ်သစ်အခါသမယတွင် မြန်မာတနိုင်ငံတည်းကိုဦးစားပေး လာရောက်ခြင်းသည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အလေးထားကြောင်းကို ပြသခြင်းဖြစ်သည်ဟု သမ္မတဟောင်း ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ ဦးကိုကိုလှိုင်က သုံးသပ်ပြောကြားသည်။
ဇန်နဝါရီ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ မျက်မှောက်ခေတ်တရုတ်နိုင်ငံနှင့် ကမ္ဘာ-မြန်မာ-တရုတ်ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အကြံပြုသုတေသီအဖွဲ့များ၏ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဦးကိုကိုလှိုင်က မီဒီယာများနှင့်တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“တရုတ်သမ္မတကြီး ရှီကျင့်ဖျင်ကိုယ်တိုင် ဒီနှစ်သစ်မှာ မြန်မာနိုင်ငံတနိုင်ငံတည်းကိုပဲ ဦးစားပေးပြီးတော့မှ လာရောက်တယ်။ ဒါက ဘာကို ညွှန်းဆိုနေသလဲဆိုတော့ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လောက်အလေးထားသလဲဆိုတာ ပြသသွားတာဖြစ်ပါတယ်။ သူနဲ့ အတူ ဘာတွေကတိကဝတ်တွေပါလာမလဲ၊ ဘယ်လိုရှေ့ဆက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မလဲဆိုတာတော့ မကြာခင်မှာ သူလာတဲ့အခါကျရင်တော့ သိရမှာပါ။ သို့သော်ငြားလည်းပဲ ကျွန်တော်တို့ မျှော်လင့်တာကတော့ ဒီထက်ပိုပြီးတော့နက်ရှိုင်းပြီး နီးကပ်တဲ့ဆက်ဆံမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

တရုတ်သမ္မတ ရှီကျင်ဖျင်သည် ဇန်နဝါရီ ၁၇ ရက်နေ့မှစတင်ကာ ၂ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင် ဒေါက်တာခင်မောင်ညွန့်က တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် ဝမ်းမြောက်ကြောင်း ပြောသည်။

မဟုတ်မမှန်သည့် အချက်အလက်များဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုမှုများပြုလုပ်နေကြကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပြဿနာတွင် နိုင်ငံကြီးတချို့က ဝင်ရောက်စွက်ဖက်နေကြကြောင်း၊ တရုတ်နိုင်ငံက ယင်းသို့ ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ဘဲ မြန်မာနိုင်ငံဘက်မှ ရပ်တည်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပြဿနာဖြေရှင်းရေးကို တရုတ်က ထောက်ခံကြောင်းလည်း ၄င်းက ပြောဆိုခဲ့သည်။

မင်းထင်

နှစ်သစ်အခါသမယ တရုတ်သမ္မတလာရောက်ခြင်းမှာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်က မြန်မာအပေါ်အလေးထားကြောင်းပြသခြင်းဖြစ်ဟု ဦးကိုကိုလှိုင် သုံးသပ်
------ ------ ------ ----- -----

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် နှစ်သစ်အခါသမယတွင် မြန်မာတနိုင်ငံတည်းကိုဦးစားပေး လာရောက်ခြင်းသည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အလေးထားကြောင်းကို ပြသခြင်းဖြစ်သည်ဟု သမ္မတဟောင်း ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ ဦးကိုကိုလှိုင်က သုံးသပ်ပြောကြားသည်။

ဇန်နဝါရီ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ မျက်မှောက်ခေတ်တရုတ်နိုင်ငံနှင့် ကမ္ဘာ-မြန်မာ-တရုတ်ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အကြံပြုသုတေသီအဖွဲ့များ၏ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဦးကိုကိုလှိုင်က မီဒီယာများနှင့်တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“တရုတ်သမ္မတကြီး ရှီကျင့်ဖျင်ကိုယ်တိုင် ဒီနှစ်သစ်မှာ မြန်မာနိုင်ငံတနိုင်ငံတည်းကိုပဲ ဦးစားပေးပြီးတော့မှ လာရောက်တယ်။ ဒါက ဘာကို ညွှန်းဆိုနေသလဲဆိုတော့ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လောက်အလေးထားသလဲဆိုတာ ပြသသွားတာဖြစ်ပါတယ်။ သူနဲ့ အတူ ဘာတွေကတိကဝတ်တွေပါလာမလဲ၊ ဘယ်လိုရှေ့ဆက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မလဲဆိုတာတော့ မကြာခင်မှာ သူလာတဲ့အခါကျရင်တော့ သိရမှာပါ။ သို့သော်ငြားလည်းပဲ ကျွန်တော်တို့ မျှော်လင့်တာကတော့ ဒီထက်ပိုပြီးတော့နက်ရှိုင်းြပီး နီးကပ်တဲ့ဆက်ဆံမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

တရုတ်သမ္မတ ရှီကျင်ဖျင်သည် ဇန်နဝါရီ ၁၇ ရက်နေ့မှစတင်ကာ ၂ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင် ဒေါက်တာခင်မောင်ညွန့်က တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် ဝမ်းမြောက်ကြောင်း ပြောသည်။

မဟုတ်မမှန်သည့် အချက်အလက်များဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုမှုများပြုလုပ်နြေကကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပြဿနာတွင် နိုင်ငံကြီးတချို့က ဝင်ရောက်စွက်ဖက်နေကြကြောင်း၊ တရုတ်နိုင်ငံက ယင်းသို့ ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ဘဲ မြန်မာနိုင်ငံဘက်မှ ရပ်တည်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပြဿနာဖြေရှင်းရေးကို တရုတ်က ထောက်ခံကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

မင်းထင်

No comments:

Post a Comment

My Blog List