Friday, January 17, 2020

အီရန်ဗိုလ်ချုပ်သေဆုံးပြီးနောက် အမေရိကန်နှင့်အီရတ်တို့ ပူးတွဲစစ်ဆင်ရေး ပြန်လည်စတင်


Image may contain: sky and outdoor
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့မှာ အမေရိကန်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းစစ်အရာရှိ ဗိုလ်ချုပ်ကက်ဆန်ဆိုလီမန်နီ သေဆုံးခဲ့ပြီးနောက် အမေရိကန်နဲ့ အီရတ်ပူးတွဲစစ်ဆင်ရေးဆောင်ရွက်မှုကို ပြန်လည်စတင်လိုက်ပြီလို့သိရပါတယ်။
ဇန်နဝါရီလ ၅ကနေ ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး ထိုနေ့မှာပဲ အီရတ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ကျော်ကို နှင်ထုတ်ဖို့ အီရတ်ဥပဒေပြုအဖွဲ့ဝင်တွေက မဲပေးခဲ့ကြတာဖြစ်ပါတယ်။ ဇန်နဝါရီလ ၅ရက်က ရပ်ဆိုင်းထားခဲ့တဲ့ အမေရိကန်နဲ့ အီရတ်ပူးတွဲစစ်ဆင်ရေးဆောင်ရွက်မှုကို ၁၅ရက်မှာ ပြန်လည်စတင်လိုက်ပြီလို့ နယူးယောက်တိုင်းမ်သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။ ဒီလိုမျိုး ပူးတွဲစစ်ဆင်ရေးပြန်လည်စတင်မှုအတွက် အီရတ်အစိုးရဘက်ကတစ်ဦးတစ်ယောက်ကအသိအမှတ်ပြုပေးခဲ့သလားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ တိုင်းမ်သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။
သံသာ

No comments:

Post a Comment

My Blog List