Thursday, January 16, 2020

နာဂဒေသ၏လိုအပ်ချက်များကို စေတနာထားကာ ထမ်းဆောင်ပေးကြရန် ဝန်ထမ်းများကို သမ္မတတိုက်တွန်း


Image may contain: 1 person
ဝန်ထမ်းများအနေဖြင့် ဝတ်ကျေတန်းကျေ သဘောမျိုးထက် နာဂဒေသ၏လိုအပ်ချက်များကို စေတနာထားကာ တာဝန် ကျေပွန်အောင် ထမ်းဆောင်ပေးကြရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့တွင် ဇန်နဝါရီ ၁၅ ရက်က ကျင်းပပြုလုပ်သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်၌ ပြောကြားခဲ့သည်။
''ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိမှ အောင်မြင်မှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း တဦးချင်းစီ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေ မွေးမြူပြီး ဆန္ဒ ထက်သန်စွာ စေတနာပါပါ ဆောင်ရွက်ကြဖို့ဟာ အဓိကကျလှပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေထဲမှာ ဒေသခံတွေပါသလို ရပ်ဝေးကနေ လာရောက်တာဝန်ထမ်းဆောင်ကြတဲ့သူတွေလည်းပါကြမှာပါ။ ရပ်နီးရပ်ဝေး ဘယ်ဒေသကပဲဖြစ်ပါစေ၊ ဝန်ထမ်းတွေအနေနဲ့ ဝတ်ကျေတန်းကျေ သဘောမျိုးထက်နာဂဒေသရဲ့လိုအပ်ချက် တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်ဆိုတဲ့ စိတ်ဆန္ဒများနဲ့ မေတ္တာ စေတနာထားပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်''ဟု သမ္မတဦးဝင်းမြင့်က ပြောသည်။

နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေ၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးစားဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ပညာရပ်များ၊ သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးနေသည့်အတွက် ဒေသ၏လိုအပ်ချက်နှင့် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဖန်တီးဖော်ဆောင်ပေးလျက်ရှိသလို တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အသက်မွေးဝမ်းကျောင်း ပညာ၊ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားသူများကိုလည်း နိုင်ငံတော်က ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း သမ္မတဦးဝင်းမြင့်က ထည့်သွင်းပြောကြားခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေရှီး- လဟယ်-နန်းယွန်း မြို့နယ် ချင်းဆက်လမ်းအနက် လဟယ်-နန်းယွန်း မြို့နယ်ချင်းဆက်လမ်းကို ဖောက်လုပ်ပြီးဖြစ်သော်လည်း လဟယ်-နန်းယွန်းလမ်းမှာ မဖောက်လုပ်ရသေးသဖြင့် ဘဏ္ဍာနှစ်အလိုက် အသုံးစရိတ်များခွဲဝေချထားကာ ၃ မြို့နယ် မြို့နယ်ချင်းဆက်လမ်း တိုးမြှင့်ဖောက်လုပ်နိုင်ရေးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို သမ္မတက မှာကြားခဲ့သည်။

မြို့နယ်များရဲ့ လမ်းပန်းဆက်သွယ်ရေးဟာ အရင်ကထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရှိရတဲ့အတွက် သက်ဆိုင်ရာဌာနများရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုသလို နာဂဒေသရဲ့ လမ်းပန်းဆက်သွယ် ရေးကဏ္ဍ ယခုထက် ပိုမိုတိုးတက်စေဖို့ ဆက်လက်ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ အလားတူ နာဂတိုင်း ရင်းသားများရဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့လည်း တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် အထူးလိုအပ်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသရှိ ပြည်သူများရဲ့ စီးပွားရေးနဲ့လူမှုရေးကဏ္ဍမြား ပိုမိုတိုးတကျကောငျး မှနျစဖေို့ ဆကျလကျဆောငျ ရှကျပေးကွရမှာ ဖွစျပါတယျ''ဟု သမ်မတဦးဝငျးမွငျ့က ပွောသညျ။

နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်နေပြီး ပြည်နယ်/တိုင်းဒေသကြီး အားလုံးဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကဲ့သို့ ဝေးလံခေါင်သီသော နယ်စပ်ဒေသရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး၏ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေးကိုလည်း ဆောင်ရွက်နေကြောင်း သမ္မတက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

လင်းလင်းအောင်
နာဂဒေသ၏လိုအပ်ချက်များကို စေတနာထားကာ ထမ်းဆောင်ပေးကြရန် ဝန်ထမ်းများကို သမ္မတတိုက်တွန်း
------ ------ ------ ----- -----

ဝန်ထမ်းများအနေဖြင့် ဝတ်ကျေတန်းကျေ သဘောမျိုးထက် နာဂဒေသ၏လိုအပ်ချက်များကို စေတနာထားကာ တာဝန် ကျေပွန်အောင် ထမ်းဆောင်ပေးကြရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့တွင် ဇန်နဝါရီ ၁၅ ရက်က ကျင်းပပြုလုပ်သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်၌ ပြောကြားခဲ့သည်။

''ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိမှ အောင်မြင်မှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း တဦးချင်းစီ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေ မွေးမြူပြီး ဆန္ဒ ထက်သန်စွာ စေတနာပါပါ ဆောင်ရွက်ကြဖို့ဟာ အဓိကကျလှပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေထဲမှာ ဒေသခံတွေပါသလို ရပ်ဝေးကနေ လာရောက်တာဝန်ထမ်းဆောင်ကြတဲ့သူတွေလည်းပါကြမှာပါ။ ရပ်နီးရပ်ဝေး ဘယ်ဒေသကပဲဖြစ်ပါစေ၊ ဝန်ထမ်းတွေအနေနဲ့ ဝတ်ကျေတန်းကျေ သဘောမျိုးထက်နာဂဒေသရဲ့လိုအပ်ချက် တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်ဆိုတဲ့ စိတ်ဆန္ဒများနဲ့ မေတ္တာ စေတနာထားပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်''ဟု သမ္မတဦးဝင်းမြင့်က ပြောသည်။

နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေ၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးစားဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ပညာရပ်များ၊ သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးနေသည့်အတွက် ဒေသ၏လိုအပ်ချက်နှင့် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဖန်တီးဖော်ဆောင်ပေးလျက်ရှိသလို တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အသက်မွေးဝမ်းကျောင်း ပညာ၊ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားသူများကိုလည်း နိုင်ငံတော်က ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း သမ္မတဦးဝင်းမြင့်က ထည့်သွင်းပြောကြားခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေရှီး- လဟယ်-နန်းယွန်း မြို့နယ် ချင်းဆက်လမ်းအနက် လဟယ်-နန်းယွန်း မြို့နယ်ချင်းဆက်လမ်းကို ဖောက်လုပ်ပြီးဖြစ်သော်လည်း လဟယ်-နန်းယွန်းလမ်းမှာ မဖောက်လုပ်ရသေးသဖြင့် ဘဏ္ဍာနှစ်အလိုက် အသုံးစရိတ်များခွဲဝေချထားကာ ၃ မြို့နယ် မြို့နယ်ချင်းဆက်လမ်း တိုးမြှင့်ဖောက်လုပ်နိုင်ရေးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို သမ္မတက မှာကြားခဲ့သည်။

မြို့နယ်များရဲ့ လမ်းပန်းဆက်သွယ်ရေးဟာ အရင်ကထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရှိရတဲ့အတွက် သက်ဆိုင်ရာဌာနများရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုသလို နာဂဒေသရဲ့ လမ်းပန်းဆက်သွယ် ရေးကဏ္ဍ ယခုထက် ပိုမိုတိုးတက်စေဖို့ ဆက်လက်ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ အလားတူ နာဂတိုင်း ရင်းသားများရဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့လည်း တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးသွားြကရန် အထူးလိုအပ်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသရှိ ပြည်သူများရဲ့ စီးပွားရေးနဲ့လူမှုရေးကဏ္ဍများ ပိုမိုတိုးတက်ကောင်း မွန်စေဖို့ ဆက်လက်ဆောင် ရွက်ပေးကြရမှာ ဖြစ်ပါတယ်''ဟု သမ္မတဦးဝင်းမြင့်က ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်နြေပီး ျပည္နယ္/တိုင်းဒေသကြီး အားလုံးဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကဲ့သို့ ဝေးလံခေါင်သီသော နယ်စပ်ဒေသရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး၏ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေးကိုလည်း ဆောင်ရွက်နေကြောင်း သမ္မတက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

လင်းလင်းအောင်

No comments:

Post a Comment

My Blog List