Monday, January 13, 2020

ပြဿနာများကို အပြောမဟုတ်ဘဲ လက်တွေ့ဖြေရှင်းသွားမည်ဟု ဒေါက်တာသက်သက်ခိုင်ပြော

Image may contain: 1 person, text
မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများ ပြဿနာများကို အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ဖြေရှင်း သွား မည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောသည်။
ရန်ကုန်မြို့ဆီဒိုနား ဟိုတယ်တွင် ဇန်နဝါရီ ၁၁ ရက်က ကျင်းပသော ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဒုတိယ အကြိမ် သတင်းစာရှင်း လင်းပွဲတွင် ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့ပါတီက သုတေသန တွေ့ရှိချက်တွေအပေါ် အခြေခံပြီးတော့မှ မူဝါဒတွေရေးဆွဲမယ်။ နောက်တစ်ခုက ပြဿနာတွေ ကိုပဲ ပြောနေတာမဟုတ်ဘဲနဲ့ ပြဿနာတွေကို အသိအမှတ်ပြုပြီးတော့မှ ပြဿနာရဲ့အဖြေကို ရှေးရှုဖြေရှင်းတဲ့ နည်းလမ်း တွေနဲ့ မဟာဗျူဟာတွေကို ချမှတ်ပြီးမှ ဆောင်ရွက်မယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရခိုင်အရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့မှာ အဓိက စိန်ခေါ်ချက်များနှင့် ဖြေရှင်းရ မည့် အရာများဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
“တိုင်းပြည်တည်ဆောက်ရေးကို ကျွန်မတို့က စနစ်နဲ့ တည်ဆောက်သွားမယ်။ ဒီအချက်တွေက နေ့စဉ်နဲ့အမျှ ကျွန်မတို့ ဆောင် ရွက်နေခြင်းပဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီများထဲမှာ ကျွန်မတို့ ပါတီဟာ အမျိုးသမီး အများစုနဲ့ လူငယ်အများစု ပါဝင်ပြီး စုပေါင်း ခေါင်းဆောင်ဖြေရှင်းတဲ့ စနစ်နဲ့ သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာ သက်သက်ခိုင်က ထပ်မံပြောသည်။
Image may contain: 3 people, people smiling, people standing and outdoor
Image may contain: 2 people, people sitting
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
ပြဿနာများကို အပြောမဟုတ်ဘဲ လက်တွေ့ဖြေရှင်းသွားမည်ဟု ဒေါက်တာသက်သက်ခိုင်ပြော
------ မင်းသီဟန် ( အကုန်သိ သတင်းဌာန ) ------
မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများ ပြဿနာများကို အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ဖြေရှင်း သွား မည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောသည်။
ရန်ကုန်မြို့ဆီဒိုနား ဟိုတယ်တွင် ဇန်နဝါရီ ၁၁ ရက်က ကျင်းပသော ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဒုတိယ အကြိမ် သတင်းစာရှင်း လင်းပွဲတွင် ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့ပါတီက သုတေသန တွေ့ရှိချက်တွေအပေါ် အခြေခံပြီးတော့မှ မူဝါဒတွေရေးဆွဲမယ်။ နောက်တစ်ခုက ပြဿနာတွေ ကိုပဲ ပြောနေတာမဟုတ်ဘဲနဲ့ ပြဿနာတွေကို အသိအမှတ်ပြုပြီးတော့မှ ပြဿနာရဲ့အဖြေကို ရှေးရှုဖြေရှင်းတဲ့ နည်းလမ်း တွေနဲ့ မဟာဗျူဟာတွေကို ချမှတ်ပြီးမှ ဆောင်ရွက်မယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရခိုင်အရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့မှာ အဓိက စိန်ခေါ်ချက်များနှင့် ဖြေရှင်းရ မည့် အရာများဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
“တိုင်းပြည်တည်ဆောက်ရေးကို ကျွန်မတို့က စနစ်နဲ့ တည်ဆောက်သွားမယ်။ ဒီအချက်တွေက နေ့စဉ်နဲ့အမျှ ကျွန်မတို့ ဆောင် ရွက်နေခြင်းပဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီများထဲမှာ ကျွန်မတို့ ပါတီဟာ အမျိုးသမီး အများစုနဲ့ လူငယ်အများစု ပါဝင်ပြီး စုပေါင်း ခေါင်းဆောင်ဖြေရှင်းတဲ့ စနစ်နဲ့ သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာ သက်သက်ခိုင်က ထပ်မံပြောသည်။

No comments:

Post a Comment

My Blog List