Friday, January 17, 2020

ခြေဥပြင်ဆင်ရေးလုပ်ငန်း ကျင်းပတော့မည့်လွှတ်တော်အစည်းအဝေးတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော်နာယကပြောကြား

Image may contain: 1 person
ခြေဥပြင်ဆင်ရေးလုပ်ငန်း ကျင်းပတော့မည့်လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော်နာယကပြောကြားလိုက်သည်။

ယနေ့ ကျင်းပသည့် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀) တွင် လွှတ်တော်နာယကက ပြောကြားလိုက်ခြင်းဖြစ်သည်။
လာမည့်(၁၅)ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။
"ယင်းလွှတ်တော်အစည်းအဝေးများတွင် ဆောင်ရွက်ဆဲဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေး လုပ်ငန်းများအပါအဝင် ဥပဒေကြမ်းများ ဆွေးနွေးအတည်ပြုနိုင်ရေးနှင့် အခြားသောလွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဦးစားပေးအလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း"နာယကဦးတီခွန်မြတ်ကပြောသည်။
​အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက ရှေ့ရက်အနည်းငယ်အတွင်းမှာပင် ခြေဥပြင်ဆင်ရေးဥပဒေကြမ်း လွှတ်တော်သို့ ပေးပို့တင်သွင်းရန်လည်းရှိနေသည်။
Myanmar Harp

No comments:

Post a Comment

My Blog List