Tuesday, January 14, 2020

ရန်ကင်းမြို့နယ် စည်ပင်နယ်နိမိတ်အတွင်းရှိ ဆိုင်ကျူး၊ ခြံကျူးများအား ရှင်းလင်းဖယ်ရှားသွားမည်

Image may contain: one or more people
ရန်ကင်းမြို့နယ်ရှိ လမ်းအချို့တွင် လမ်း၏ ဘေး/ယာ စည်ပင်ပိုင် နယ်နိမိတ် မြေလွတ်များတွင် အိမ်များမှ နေရာကျူးကျော် ခြံခတ်ထားခြင်း ဈေးဆိုင်များ ကျူးကျော် ဆောက်လုပ်ထားခြင်းများအား မြေစာရင်း အရ တွေ့လျှင် ချက်ခြင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည် ။

ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၊(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊တတိယနေ့တွင် ရန်ကင်း မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၏ “ရန်ကင်းမြို့နယ် ရှိ လမ်းအချို့တွင် လမ်း၏ ဘေး /ယာ စည်ပင်ပိုင် နယ်နိမိတ် မြေကွက်များတွင် အိမ်များမှ နေရာကျူးကျော် ခြံခတ်ထားခြင်း ဈေးဆိုင်များ ကျူးကျော် ဆောက်လုပ်ထားခြင်း များ ထိရောက်စွာ အမြန်ဆုံး ဖယ်ရှား ရှင်းလင်း ပေးနိုင်ခြင်း ရှိ/မရှိ” သိလိုကြောင်း မေးခွန်းနှင့် ပတ်သက်၍ မြို့တော်ဝန်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဖြူရောင်
<Zawgyi>
ရန်ကင်းမြို့နယ် စည်ပင်နယ်နိမိတ်အတွင်းရှိ ဆိုင်ကျူး၊ ခြံကျူးများအား ရှင်းလင်းဖယ်ရှားသွားမည်

ဇန္နဝါရီ ၁၄
ရန်ကင်းမြို့နယ်ရှိ လမ်းအချို့တွင် လမ်း၏ ဘေး/ယာ စည်ပင်ပိုင် နယ်နိမိတ် မြေလွတ်များတွင် အိမ်များမှ နေရာကျူးကျော် ခြံခတ်ထားခြင်း စျေးဆိုင်များ ကျူးကျော် ဆောက်လုပ်ထားခြင်းများအား မြေစာရင်း အရ တွေ့လျှင် ချက်ခြင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည် ။
''ရန်ကင်းမြို့နယ်မှာ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက် ရှိပါတယ်။ အဲဒီမှာ ၁ ကနေ ၆ အထိက မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာန စီမံခန့်ခွဲမှုအောက်မှာ ရှိနေပြီး ၇ကနေ ၁၆ အထိက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့စီမံခန့်ခွဲမှုအောက်မှာရှိပါတယ်။ ဖော်ပြတဲ့ နေရာတွေကနေ လမ်းမတန်း ဖြစ်ပါတယ်။ အဲဒီမှာ တပြေးညီ ဖြစ်ဖို့ အတွက်လည်း ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း YCDCနဲ့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနတို့ ပူးပေါင်းဖြေရှင်းခဲ့ပြီး ဖြစ်ပါတယ်။ ရပ်ကွက်မှာက များသောအားဖြင့် ၁၄ရပ်ကွက်အတွင်းမှာ ခြံစည်းရိုးနဲ့ ကျူးကျော်ဆောက်လုပ်ကာရံထားတာတွေ ရှိပါတယ်။ နောက်ပြီး ရှေ့မှာမျက်ခင်းပြင်အလှတွေ ပန်းပင်စိုက်တာတွေလည်း ရှိပါတယ်။ ဒါတွေကဟိုးအရင်နှစ်တွေကတည်းက ရှိနေတာဖြစ်တော့ နားလည်အောင်ရှင်းပြပြီးမှ ဆောင်ရွက်ဖို့လိုပါမယ်။ နောက်ပြီးခြံကျူ ပြီး ဆိုင်ကျူးမဖြစ်အောင်လည်း စီစဉ်ပါမယ်။ ခုနောက်ပိုင်းမှာ ၁၄ရပ်ကွက်နဲ့ ၁၅ ရပ်ကွက်မှာလည်း အလားတူပုံစံတွေ ဖြစ်လာပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာနဲ့ အားလုံး ဖြေရှင်းဆောင်ရွက်ပါမယ်။ လတ်တလောတော့ ခြံကျူးနဲ့ဆိုင်ကျူးတွေကို လုံးဝလက်မခံဖို့ အဓိက ဖြေရှင်းပါတယ်။ နောက်ပြီး မြေစာရင်းအရကျူးကျော်မှုတွေတွေ့ရင်လည်း ချက်ချင်းဖယ်ရှားဖို့ မြို့နယ်ကို ညွှန်ကြားထားပါတယ်။ ဒီအတွက် သတ်မှတ်ကာလ အတိုင်းအတာတစ်ခုအထိ လုပ်ထားပါတယ်။ အစည်းအဝေးလည်း ခေါ်ယူထားပါတယ်။ အဲဒီအတွက် ရန်ကင်းကျူးကျော်မှုတွေကို ဆောင်ရွက်ပေးနေပါတယ် ဆိုတာ လေးစားစွာပြောကြားလိုပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၊(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊တတိယနေ့တွင် ရန်ကင်း မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၏ “ရန်ကင်းမြို့နယ် ရှိ လမ်းအချို့တွင် လမ်း၏ ဘေး /ယာ စည်ပင်ပိုင် နယ်နိမိတ် မြေကွက်များတွင် အိမ်များမှ နေရာကျူးကျော် ခြံခတ်ထားခြင်း စျေးဆိုင်များ ကျူးကျော် ဆောက်လုပ်ထားခြင်း များ ထိရောက်စွာ အမြန်ဆုံး ဖယ်ရှား ရှင်းလင်း ပေးနိုင်ခြင်း ရှိ/မရှိ” သိလိုကြောင်း မေးခွန်းနှင့် ပတ်သက်၍ မြို့တော်ဝန်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဖြူရောင်

Isee Media

No comments:

Post a Comment

My Blog List