Friday, January 17, 2020

ငွေစက္ကူအပြန့် အတိုင်း သပ်သပ်ရပ်ရပ် ကိုင်တွယ်သုံးစွဲပေး ကြဖို့ ပြည်သူများကို ဗဟိုဘဏ် မေတ္တာရပ်ခံ

Image may contain: 1 person

ပြည်သူတွေအနေနဲ့ ငွေစက္ကူတွေကိုအပြန့် အတိုင်း သပ်သပ်ရပ်ရပ် ကိုင်တွယ်သုံးစွဲပေးကြဖို့ ဗဟိုဘဏ်ညွှန်ချုပ်တစ်ဦးက နိုင်ငံပိုင်မီဒီယာကနေတဆင့် မေတ္တာရပ်ခံပြောကြားလိုက်ပါတယ်။

“ပြည်သူတွေကို သစ်လွင် ကောင်းမွန်တဲ့ ငွေစက္ကူတွေ ကိုင်တွယ်သုံးစွဲနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟို ဘဏ်အနေနဲ့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ပြည်သူတွေကလည်း ငွေစက္ကူတွေ ပျက်စီးစေမယ့် ခေါက်ခြင်း၊ ချိုးခြင်း၊ လိပ်ခြင်း၊ လုံးခြေခြင်းတွေ မပြုလုပ်ဖို့၊ ဆီစွန်းညစ်ပေခြင်း၊ ညစ်ပတ်စွန်းပေခြင်းမျိုး မဖြစ်အောင် ကိုင်တွယ်ဖို့နဲ့ ငွေစက္ကူအပြန့် အတိုင်း သပ်သပ်ရပ်ရပ် ကိုင်တွယ်သုံးစွဲပေး ကြဖို့ မေတ္တာရပ်ခံလိုပါတယ်“လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံ ခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်ကပြောပါတယ်။
မြန်မာနိုင်ငံတော် ဗဟို ဘဏ်အနေနဲ့ ပြည်သူတွေကို သစ်လွင် ကောင်းမွန်တဲ့ ငွေစက္ကူတွေ ကိုင်တွယ်သုံးစွဲနိုင်ဖို့ ဆောင်ရွက်ပေးနေသလို ပြည်သူတွေဘက်ကလည်း ငွေစက္ကူတွေ ပျက်စီးစေမယ့်အရာတွေမလုပ်ကြဖို့ ဗဟိုဘဏ်ဘက်က မေတ္တာရပ်ခံလိုက်တာပါ။
လက်ရှိမှာလည်း ဟောင်းနွမ်း ညစ်ပေနေတဲ့ ငွေစက္ကူတွေကို ဗဟိုဘဏ်ထံ အပ်နှံလဲလှယ်ဖို့ ဘဏ်တွေအားလုံးကို ညွှန်ကြားထားပြီး၊ ပြည်သူ တွေအနေနဲ့ ဟောင်းနွမ်းညစ်ပေ စုတ်ပြဲ နေတဲ့ ငွေစက္ကူတွေရှိရင် နီးစပ်တဲ့ ဘဏ်တွေမှာ အပ်နှံလဲလှယ်ပြီး သစ်လွင် ကောင်းမွန်တဲ့ ငွေစက္ကူတွေကို ကိုင်တွယ် သုံးစွဲနိုင်တယ်လို့လည်း ညွှန်ချုပ်ဦးဝင်းမြင့်ကဆက်ပြောပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူတစ်ထောင်တန် ပုံစံသစ်ကို ၂၀၂၀ ဇန်နဝါရီ ၇ ရက်မှစ၍ ဖြန့်ဝေပေးခဲ့ပြီး ရှေ့လျှောက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံနဲ့ ငွေစက္ကူ ပုံစံသစ် တန်ဖိုးတစ်ခုချင်းအလိုက် အစဉ်အတိုင်း ဆက်လက် ထုတ်ဝေသွားဖို့ရှိတယ်လို့ သိရပါတယ်။
“လက်ရှိအခြေအနေအရ ပြည်သူ အားလုံး သုံးစွဲနိုင်အောင် တစ်ထောင်ကျပ် တန်ကနေ စတင်ထုတ်ဝေခြင်း ဖြစ်ပါ တယ်။ တန်ဖိုးတစ်ခုချင်းအလိုက် အစဉ်အတိုင်း ဆက်လက်ပြီးတော့ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်“လို့ ညွှန်ချုပ်ဦးဝင်းမြင့်ကပြောပါတယ်။
ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်ဝေတာတွေကို ငွေကြေးလိုအပ်ချက် ဘောင်အတွင်း ကပဲ လိုအပ် သလို ချိန်ဆပြီး ရိုက်နှိပ်ထုတ်ဝေနေတာကြောင့် ငွေကြေးဖောင်း ပွမှုတွေ မဖြစ်နိုင်ဘူးလို့လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံ ခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်ကပြောပါတယ်။
Myanmar Harp

No comments:

Post a Comment

My Blog List