
မြန်မာနိုင်ငံ၏ ပြည်ပ ပို့ကုန်တန်ဖိုး ယခင်ဘဏ္ဍာထက် အမေရိကန်ဒေါ်လာ ၁၂၇၅ သန်းပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနစာရင်းအင်းအချက်အလက်များအရသိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဒီဇင်ဘာလထိ) (ယာယီ)စာရင်းအရ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၆၇၇ သန်းရှိခဲ့ပြီး စက်မှုကုန်ချော၊သတ္ထုတွင်းထွက်ကဏ္ဍကအများဆုံးဖြစ်ကာလယျယာထှကျပစ်စညျး၊ရထှေကျပစ်စည်းများ၏တင်ပို့မှုလည်းယခင်ကထက် တက်လာသည်ကိုတွေ့ရသည်။
ပြီးခဲ့သည့်နှစ်ကာလတူက ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း၃၆၀၀ကျော်သာရှိခဲ့သည်။
ပို့ကုန်တန်ဖိုးမြင့်တက်လာသကဲ့သို့ တစ်ဖက်တွင်လည်း သွင်းကုန်တန်ဖိုးများမြင့်တက်လာကြောင်းလည်းသိရသည်။
ပြီးခဲ့သည့်နှစ်က ပြည်ပမှနေ၍တင်သွင်းခဲ့သည့် ပစ္စည်းများ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း၄၄၀၀ကျော်ရှိခဲ့သည်။
ယခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၄၇၀၀ကျော်ရှိခဲ့သည်။
ရင်းနှီးမြှပ်နှံမှုပစ္စည်းများတင်သွင်းမှုယခင်ကထက် ပိုတက်လာသောကြောင့်ဖြစ်သည်ဟု သိရသည်။
Myanmar Harp
No comments:
Post a Comment