Monday, January 13, 2020

မြောက်ဦးတွင် ရဲမော်တော်ယာဉ်၂စီးကို AA က မိုင်းခွဲ တိုက်ခိုက်

Image may contain: sky and outdoor
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် ၂ စီးကို ရခိုင်တပ်မတော်AA က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၁ရက် နံနက် ၉နာရီ၄၅ မိနစ်အချိန်ခန့်တွင်မြောက်ဦးမြို့၊နယ်မြေခံရဲတပ်ဖွဲ့ဌာနချုပ်မှ မိသားစုဝင်များသည် တပ်ဖွဲ့ပိုင်မော်တော်ယာဉ် ၂ စီးဖြင့် မြောက်ဦးမြို့မဈေးသို့ သွားရောက်ဈေးဝယ်ပြီးပြန်လာစဉ် မြောက်ဦးမြို့၊သကျမာန်အောင်ဘုရားအနီးတွင်AA အဖွဲ့မှ ရီမုမိုင်း ၁လုံးဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတပ်ဖွဲ့ပိုင်မော်တော်ယာဉ်အားထိမှန်ပျက်စီးခဲ့ပြီးလူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- ဇန်နဝါရီလ ၁၀ ရက်နေ့ မင်းပြားမြို့ နယ် မေလွမ်း အနီးတွင် AA တိုက်ခိုက်မှု ခံလိုက်ရသည့် မီးလောင်ကျွမ်းနေသော ကားနှစ်စီး။ 
Photo Credit - အမ်းသားကြီး

No comments:

Post a Comment

My Blog List