Thursday, January 16, 2020

လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအနီးတွင် လက်နက်ငယ် ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသော အမျိုးသားနှစ်ဦး၏ အလောင်းများ တွေ့ရှိ

Image may contain: text that says 'နောင်မွန်ကျေးရွာအနီး လက်နက်ငယ် ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသော အလောင်းများ တွေ့ရှိ'

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ အနီး အမျိုးသားနှစ်ဦး သေဆုံးလျက် ရှိကြောင်း သတင်းအရ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးရာ ကျေးရွာ၏ မြောက်ဘက်ရှိ ပြည်ထောင်စု ကားလမ်းမကြီး၏ အရှေ့ဘက် မီတာ ၃၀၀၀ ခန့်အကွာ ဂေါ်ရခါးသချုႋင်း၌ လက်နက်ငယ် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိရပြီး ၎င်းတို့အနီးမှ ကျည်ခွံများနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သေဆုံးသူနှစ်ဦး၏ အလောင်းများအား လားရှိုးပြည်သူ့ဆေးရုံကြီးသို့ မြင့်မြတ် သစ္စာ နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် ပို့ဆောင်စေခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအနီးတွင် လက်နက်ငယ် ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသော အမျိုးသားနှစ်ဦး၏ အလောင်းများ တွေ့ရှိ
--- --- ---

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ အနီး အမျိုးသားနှစ်ဦး သေဆုံးလျက် ရှိကြောင်း သတင်းအရ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးရာ ကျေးရွာ၏ မြောက်ဘက်ရှိ ပြည်ထောင်စု ကားလမ်းမကြီး၏ အရှေ့ဘက် မီတာ ၃၀၀၀ ခန့်အကွာ ဂေါ်ရခါးသချုႋင်း၌ လက်နက်ငယ် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိရပြီး ၎င်းတို့အနီးမှ ကျည်ခွံများနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သေဆုံးသူနှစ်ဦး၏ အလောင်းများအား လားရှိုးပြည်သူ့ဆေးရုံကြီးသို့ မြင့်မြတ် သစ္စာ နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် ပို့ဆောင်စေခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List