Friday, January 17, 2020

သရုပ်ဆောင်မိုးအောင်ရင် ဒီလောက်ရိုင်းင်းလိမ့်မည်ဟု မထင်ခဲ့ကြောင်း ရည်းစားဟောင်းပြော

Image may contain: 1 personImage may contain: 5 people, people smiling, people standing and outdoor
သရုပ်ဆောင်မိုးအောင်ရင် ဆေးဝါးအမှုဖြင့် တရားရင်ဆိုင်ခဲ့စဉ်မှစပြီး ထောင်ကျချိန်အထိ အကူအညီပေးခဲ့ သည့် ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက မိုးအောင်ရင်သည် ဒီလောက်ရိုင်းလိမ့်မည်ဟု မထင်ခဲ့ကြောင်း ပြောသည်။

“အောင်ရင်မူးယစ်ဆေးဝါးအမှုနဲ့ ရင်ဆိုင်နေရတဲ့အချိန် သူ့မိဘတွေကလည်းအဝေးမှာဆိုတော့ အစစအရာရာ အကုန်ကူညီခဲ့တယ်။ ကိုယ့်အလုပ်တောင်မလုပ်တော့ဘဲကူညီခဲ့တာ။ မျှော်လင့်ချက်နဲ့ကူညီတာတော့ မဟုတ် ဘူး။ ဒါပေမယ့်ဒီလောက်ရိုင်းလိမ့်မယ်မထင်ခဲ့ဘူး”ဟုမခင်မြတ်နိုးကပြောသည်။
သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူက နိုဝင်ဘာလ ၂၂ ရက်က ရန်ကင်းမြို့နယ်တရားရုံးတွင် ကာမလိမ်လည်မှုဖြင့် ဦးတိုက်လျှောက်ထားခဲ့ပြီး ယနေ့နံနက်ပိုင်းက လေးကြိမ်မြောက်ရုံးချိန်းတွင် မခင်မြတ်နိုး ကပြောဆိုခဲ့ခြင်းဖြစ်သည်။
ယနေ့ရုံးချိန်းတွင် မိုးအောင်ရင်က သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခြင်းမပြုခဲ့ပေ။
သရုပ်ဆောင်မိုးအောင်ရင်ဘက်က တရားရင်ဆိုင်နေရခြင်းအပေါ် တစ်စုံတစ်ရာ ညှိနှိုင်းမှု ပြုလုပ်လျင် လက်ခံမည်မဟုတ်ဟု ရည်စားဟောင်းဖြစ်သူကဆိုသည်။
“အဆုံးထိရင်ဆိုင်သွားမယ်။ ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်မယ်ဆိုတော့ကောင်းပါတယ်။ ပြစ်မှုကြောင်းအရ မပေါ်ပေါက်စရာဘာမှမရှိဘူး။ အဲဒီအတွက်မစိုးရိမ်ဘူး”ဟုဆိုသည်။
ရန်ကင်းမြို့နယ်တရားရုံးက တရားလိုမခင်မြတ်နိုးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ ဖြင့် စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ ဖြင့် အမှုအား ဆက်လက်စစ်ဆေးသွားရန် အမိန့်ချမှတ်ထားသည်။
ယနေ့ရုံးချိန်းတွင် နှစ်ဘက်သက်‌သေများကိုမစစ်ဆေးခဲ့ဘဲ ဇန်နဝါရီ ၃၁ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်။
ပုဒ်မ ၄၁၇ မှာလိမ်လည်မှုပုဒ်မတစ်ခုဖြစ်ပြီး အာမခံရရှိနိုင်ကာ ပြစ်မှုထင်ရှားပါက ထိုသူကို ထောင်ဒဏ်သုံးနှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသသတ်ကြီးဥပဒေ ပြဋ္ဌာန်းချက်တွင် ဖော်ပြထားကြောင်း သိရသည်။
Image may contain: 2 people, people standing, tree, shoes and outdoor
Image may contain: 3 people, people standing and outdoor

-------------------------------------------------------------------
(Zawgyi)
သရုပ်ဆောင်မိုးအောင်ရင် ဒီလောက်ရိုင်းင်းလိမ့်မည်ဟု မထင်ခဲ့ကြောင်း ရည်းစားဟောင်းပြော
ဇန္နဝါရီ ၁၇
ဇော်ထွန်း

သရုပ်ဆောင်မိုးအောင်ရင် ဆေးဝါးအမှုဖြင့် တရားရင်ဆိုင်ခဲ့စဉ်မှစပြီး ထောင်ကျချိန်အထိ အကူအညီပေးခဲ့ သည့် ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက မိုးအောင်ရင်သည် ဒီလောက်ရိုင်းလိမ့်မည်ဟု မထင်ခဲ့ကြောင်း ပြောသည်။
“အောင်ရင်မူးယစ်ဆေးဝါးအမှုနဲ့ ရင်ဆိုင်နေရတဲ့အချိန် သူ့မိဘတွေကလည်းအဝေးမှာဆိုတော့ အစစအရာရာ အကုန်ကူညီခဲ့တယ်။ ကိုယ့်အလုပ်တောင်မလုပ်တော့ဘဲကူညီခဲ့တာ။ မျှော်လင့်ချက်နဲ့ကူညီတာတော့ မဟုတ် ဘူး။ ဒါပေမယ့်ဒီလောက်ရိုင်းလိမ့်မယ်မထင်ခဲ့ဘူး”ဟုမခင်မြတ်နိုးကပြောသည်။
သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူက နိုဝင်ဘာလ ၂၂ ရက်က ရန်ကင်းမြို့နယ်တရားရုံးတွင် ကာမလိမ်လည်မှုဖြင့် ဦးတိုက်လျှောက်ထားခဲ့ပြီး ယနေ့နံနက်ပိုင်းက လေးကြိမ်မြောက်ရုံးချိန်းတွင် မခင်မြတ်နိုး ကပြောဆိုခဲ့ခြင်းဖြစ်သည်။
ယနေ့ရုံးချိန်းတွင် မိုးအောင်ရင်က သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခြင်းမပြုခဲ့ပေ။
သရုပ်ဆောင်မိုးအောင်ရင်ဘက်က တရားရင်ဆိုင်နေရခြင်းအပေါ် တစ်စုံတစ်ရာ ညှိနှိုင်းမှု ပြုလုပ်လျင် လက်ခံမည်မဟုတ်ဟု ရည်စားဟောင်းဖြစ်သူကဆိုသည်။
“အဆုံးထိရင်ဆိုင်သွားမယ်။ ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်မယ်ဆိုတော့ကောင်းပါတယ်။ ပြစ်မှုကြောင်းအရ မပေါ်ပေါက်စရာဘာမှမရှိဘူး။ အဲဒီအတွက်မစိုးရိမ်ဘူး”ဟုဆိုသည်။
ရန်ကင်းမြို့နယ်တရားရုံးက တရားလိုမခင်မြတ်နိုးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ ဖြင့် စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ ဖြင့် အမှုအား ဆက်လက်စစ်ဆေးသွားရန် အမိန့်ချမှတ်ထားသည်။
ယနေ့ရုံးချိန်းတွင် နှစ်ဘက်သက်‌သေများကိုမစစ်ဆေးခဲ့ဘဲ ဇန်နဝါရီ ၃၁ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်။
ပုဒ်မ ၄၁၇ မှာလိမ်လည်မှုပုဒ်မတစ်ခုဖြစ်ပြီး အာမခံရရှိနိုင်ကာ ပြစ်မှုထင်ရှားပါက ထိုသူကို ထောင်ဒဏ်သုံးနှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသသတ်ကြီးဥပဒေ ပြဋ္ဌာန်းချက်တွင် ဖော်ပြထားကြောင်း သိရသည်။
#TheFifthWaveNews.

No comments:

Post a Comment

My Blog List