Thursday, January 16, 2020

AA အကြမ်းဖက် သောင်းကျန်းသူများက အပြစ်မဲ့ပြည်သူနှစ်ဦးအား အကြောင်းမဲ့ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်

Image may contain: 1 person, standing and textImage may contain: 1 person, smiling, sitting, text and outdoor

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း 2020 Arakan Dream အား အကောင်အထည်ဖော်နိုင်ရန် ဒေသခံ ပြည်သူလူထု အပေါ် အကြောက်တရားဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်ရေး အတွက် ဒေသခံပြည်သူလူထု အပါအဝင် ဒေသအတွင်း ဝင်/ထွက် သွားလာနေသည့် ခရီးသွား လုပ်သားပြည်သူများ၊ အသက်မွေးဝမ်းကျောင်းအတွက် ဝင်/ထွက်သွားလာ နေသူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက် အကြမ်းဖက်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာနေ ဦးသိန်းလွင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက အသနားခံ တင်ပြစာတစ်စောင် တင်ပြခဲ့သည်။ ၎င်းတင်ပြစာ၌ ဦးသိန်းလွင် အပါအဝင် ပုဏ္ဏကားကျေးရွာသား အချို့သည် မြန်မာနိုင်ငံ အနှံ့အပြားသို့ စျေးလှည့်လည်ရောင်းချရင်း ရခိုင်ပြည်နယ်ဘက်သို့ ၂၀၀၆ ခုနှစ်မှစ၍ မိုးကာ၊ သံသေတ္တာ၊ ဘက်ထရီ၊ ဆိုလာ စသည့် လူသုံးကုန်ပစ္စည်းများအားတစ်ရွာဝင်/ထွက် လှည့်လည်ရောင်းချ၍ ရိုးသားစွာ အသက်မွေးဝမ်းကျောင်း ပြုနေသူများဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်ရှိ ဦးအောင်ထွန်းကျော် နေအိမ်၌ အိမ်ငှားနေ၍ ကျေးရွာ အသီးသီးသို့ စျေးလှည့်လည် ရောင်းချစဉ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အောက်သားကန်ရွာ၊ ဗျိုင်းတောင်ခြေရွာ တို့ဘက်မှ ပစ္စည်းများ မှာယူသဖြင့် ၎င်းတို့အထဲမှ မောင်မျိုးထိုက်ဝင်းသည် ဆိုင်ကယ်ဖြင့် ပစ္စည်းများ သွားရောက်ပို့ခဲ့ကြောင်း၊ မောင်မျိုးထိုက်ဝင်း ပြန်မလာသဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဦးစိုးနိုင်နှင့် မောင်ရာဇာထွန်းတို့နှစ်ဦးက ထပ်မံလိုက်လံရှာဖွေရာ ထပ်မံပျောက်ဆုံး သွားကြောင်းနှင့် တိမ်ညို ရဲစခန်း၌ လူပျောက် တိုင်ကြားခဲ့ကြောင်း၊ ၎င်းတို့သုံးဦးအား ဝိုင်းဝန်းကူညီ ရှာဖွေပေးနိုင်ပါရန် အကူအညီ တောင်းခံပါကြောင်း ရေးသား တိုင်ကြားခဲ့ပါသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က သတင်းဖော်ထုတ် စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၎င်းတို့သုံးဦး ပျောက်ဆုံးမှုအား မြောက်ဦးမြို့မရဲစခန်း၌ လူပျောက်တိုင်ချက် ဖွင့်ခဲ့ကြောင်း တွေ့ရှိရပြီး စုံစမ်းရှာဖွေပေးနိုင်ရေး ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊မြောင်းဘွေ၊ တိမ်ညိုနယ်မြေ ရဲစခန်းများသို့လည်း အကြောင်းကြားထားကြောင်း တွေ့ရှိရပါသည်။ စုံစမ်းသိရှိချက်များအရ ၎င်းတို့သုံးဦးသည် ၂၀၀၆ ခုနှစ် အတွင်းကပင် နယ်မြေအတွင်း ရိုးသားစွာ လှည့်လည် စျေးရောင်းနေသူများဖြစ်ပြီး ဒေသခံများနှင့် ရင်းနှီးသူများဖြစ်သဖြင့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ ဖမ်းဆီးခြင်းခံရမှု ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။
ပျောက်ဆုံးနေသူသုံးဦး၏ သတင်းအား နယ်မြေခံတပ်များက သတင်းဆက်စုံစမ်း ဖော်ထုတ်ခြင်းကို အဆက်မပြတ်ဆောင်ရွက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်ကြမ်းကြုတ်မှုများ၊ အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက် လုပ်ရပ်များကို လက်မခံကြသော ဒေသခံ တာဝန်သိပြည်သူများက တာဝန်ရှိသူများ ထံသို့ AA အကြမ်းဖက် သောင်းကျန်းသူများက အရပ်သားပြည်သူ နှစ်ဦးအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု ပေးပို့လျက် သတင်းပေးပို့ တိုင်ကြားခဲ့သဖြင့် ၎င်းဗီဒီယိုဖိုင်အပေါ် ထပ်မံစုံစမ်း စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ပါသည်။
စုံစမ်းဖော်ထုတ်ချက်များအရ ဗီဒီယိုဖိုင်တွင် ပါရှိသည့် အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ညှဉ်းပန်း ခံနေရသော အပြစ်မဲ့ပြည်သူ အရပ်သားနှစ်ဦးမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာနေ မောင်ရာဇာထွန်း (၂၂)နှစ်၊ ၅/ရဥန(နိုင်) ၁၂၆၆၉၉(အဘ) ဦးနိုင်အောင်နှင့် ဦးစိုးနိုင်(ခ) ကိုရင်ကြီး(အဘ) ဦးဘလှိုင်တို့ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်သို့ စျေးရောင်းသွား ရာမှ ပျောက်ဆုံးခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးအား ဗီဒီယိုဖိုင်တွင် ပါရှိသည့်အတိုင်း မြောက်ဦးမြို့နယ်၊ မကြားရွာအဝင်လမ်းတွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ULA တာဝန်ခံ ဗန်ဒိုခေါင်းဆောင် သည့် အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း၊ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်မှုကြောင့်ပင် နှစ်ဦးစလုံးမှာ သေဆုံးသွား ခဲ့ရကြောင်း သိရှိရပါသည်။
အလားတူ AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ဖမ်းဆီးရမိသူများအား ညှဉ်းပန်းနှိပ်စက်သည့် ဗီဒီယိုဖိုင်များ၊ ရက်စက်စွာ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်သည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိပြီး ၎င်းဖြစ်စဉ်များမှာလည်း AA အကြမ်းဖက်သောင်းကျန်း သူများက ကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ဖြစ်ကြောင်း သတင်းဆက်စပ် ဖော်ထုတ်ရရှိသည်။
AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှု မရှိသည့် ရခိုင်တိုင်းရင်းသားများ အပါအဝင် အခြားအပြစ်မဲ့ပြည်သူများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ သက်ပြည့် အငြိမ်းစား ယူထားသူများ၊ ကျန်းမာရေးကြောင့် အနားယူထားသူများ စသည့် စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို အကြောင်းမဲ့ ဖမ်းဆီး၍ လူမဆန်စွာ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ မကြာခဏ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူ များက သတ်ဖြတ်ခဲ့သော ပြည်သူ ၂၉ ဦးရှိပြီး AA အကြမ်းဖက်သောင်း ကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၂၆ ဦးရှိကြောင်း သိရှိရသည်။
ထိုသို့အကြမ်းဖက် နှိပ်စက်မှုများ၊ လူမျိုးရေး ခွဲခြားမှုများကြောင့် ဒေသခံပြည်သူလူထု၊ လူမှုရေးအသင်းအဖွဲ့များမှ AA အကြမ်းဖက် သောင်းကျန်းသူများအား မကြာခဏ ကြေညာချက်များ ထုတ်ပြန် ကန့်ကွက်လျက်ရှိပြီး ၎င်းတို့၏ လုပ်ရပ်များအပေါ် စက်ဆုပ်ရွံရှာလျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ အပြစ်မဲ့ပြည်သူနှစ်ဦး သေဆုံးရခြင်း ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ဗီဒီယိုဖိုင်ပါ အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား သက်ဆိုင်ရာရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။
Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
AA အကြမ်းဖက် သောင်းကျန်းသူများက အပြစ်မဲ့ပြည်သူ နှစ်ဦးအား အကြောင်းမဲ့ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်
--- --- ---

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း 2020 Arakan Dream အား အကောင်အထည်ဖော်နိုင်ရန် ဒေသခံ ပြည်သူလူထု အပေါ် အကြောက်တရားဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်ရေး အတွက် ဒေသခံပြည်သူလူထု အပါအဝင် ဒေသအတွင်း ဝင်/ထွက် သွားလာနေသည့် ခရီးသွား လုပ်သားပြည်သူများ၊ အသက်မွေး ဝမ်းကျောင်း အတွက် ဝင်/ထွက်သွားလာ နေသူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက် အကြမ်းဖက်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်လျက်ရှိသည်။
AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာနေ ဦးသိန်းလွင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက အသနားခံ တင်ပြစာတစ်စောင် တင်ပြခဲ့သည်။ ၎င်းတင်ပြစာ၌ ဦးသိန်းလွင် အပါအဝင် ပုဏ္ဏကားကျေးရွာသား အချို့သည် မြန်မာနိုင်ငံ အနှံ့အပြားသို့ စျေးလှည့်လည်ရောင်းချရင်း ရခိုင်ပြည်နယ်ဘက်သို့ ၂၀၀၆ ခုနှစ်မှစ၍ မိုးကာ၊ သံသေတ္တာ၊ ဘက်ထရီ၊ ဆိုလာ စသည့် လူသုံးကုန်ပစ္စည်းများအားတစ်ရွာဝင်/ထွက် လှည့်လည်ရောင်းချ၍ ရိုးသားစွာ အသက်မွေးဝမ်းကျောင်း ပြုနေသူများဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်ရှိ ဦးအောင်ထွန်းကျော် နေအိမ်၌ အိမ်ငှားနေ၍ ကျေးရွာ အသီးသီးသို့ စျေးလှည့်လည် ရောင်းချစဉ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အောက်သားကန်ရွာ၊ ဗျိုင်းတောင်ခြေရွာ တို့ဘက်မှ ပစ္စည်းများ မှာယူသဖြင့် ၎င်းတို့အထဲမှ မောင်မျိုးထိုက်ဝင်းသည် ဆိုင်ကယ်ဖြင့် ပစ္စည်းများ သွားရောက်ပို့ခဲ့ကြောင်း၊ မောင်မျိုးထိုက်ဝင်း ပြန်မလာသဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဦးစိုးနိုင်နှင့် မောင်ရာဇာထွန်းတို့နှစ်ဦးက ထပ်မံလိုက်လံရှာဖွေရာ ထပ်မံပျောက်ဆုံး သွားကြောင်းနှင့် တိမ်ညို ရဲစခန်း၌ လူပျောက် တိုင်ကြားခဲ့ကြောင်း၊ ၎င်းတို့သုံးဦးအား ၀ိုင်းဝန်းကူညီ ရှာဖွေပေးနိုင်ပါရန် အကူအညီ တောင်းခံပါကြောင်း ရေးသား တိုင်ကြားခဲ့ပါသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က သတင်းဖော်ထုတ် စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၎င်းတို့သုံးဦး ပျောက်ဆုံးမှုအား မြောက်ဦးမြို့မရဲစခန်း၌ လူပျောက်တိုင်ချက် ဖွင့်ခဲ့ကြောင်း တွေ့ရှိရပြီး စုံစမ်းရှာဖွေပေးနိုင်ရေး ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊မြောင်းဘွေ၊ တိမ်ညိုနယ်မြေ ရဲစခန်းများသို့လည်း အကြောင်းကြားထားကြောင်း တွေ့ရှိရပါသည်။ စုံစမ်းသိရှိချက်များအရ ၎င်းတို့သုံးဦးသည် ၂၀၀၆ ခုနှစ် အတွင်းကပင် နယ်မြေအတွင်း ရိုးသားစွာ လှည့်လည် စျေးရောင်းနေသူများဖြစ်ပြီး ဒေသခံများနှင့် ရင်းနှီးသူများဖြစ်သဖြင့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ ဖမ်းဆီးခြင်းခံရမှု ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။
ပျောက်ဆုံးနေသူသုံးဦး၏ သတင်းအား နယ်မြေခံတပ်များက သတင်းဆက်စုံစမ်း ဖော်ထုတ်ခြင်းကို အဆက်မပြတ်ဆောင်ရွက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်ကြမ်းကြုတ်မှုများ၊ အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက် လုပ်ရပ်များကို လက်မခံကြသော ဒေသခံ တာဝန်သိပြည်သူများက တာဝန်ရှိသူများ ထံသို့ AA အကြမ်းဖက် သောင်းကျန်းသူများက အရပ်သားပြည်သူ နှစ်ဦးအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု ပေးပို့လျက် သတင်းပေးပို့ တိုင်ကြားခဲ့သဖြင့် ၎င်းဗီဒီယိုဖိုင်အပေါ် ထပ်မံစုံစမ်း စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ပါသည်။
စုံစမ်းဖော်ထုတ်ချက်များအရ ဗီဒီယိုဖိုင်တွင် ပါရှိသည့် အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ညှဉ်းပန်း ခံနေရသော အပြစ်မဲ့ပြည်သူ အရပ်သားနှစ်ဦးမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာနေ မောင်ရာဇာထွန်း (၂၂)နှစ်၊ ၅/ရဥန(နိုင်) ၁၂၆၆၉၉(အဘ) ဦးနိုင်အောင်နှင့် ဦးစိုးနိုင်(ခ) ကိုရင်ကြီး(အဘ) ဦးဘလှိုင်တို့ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်သို့ စျေးရောင်းသွား ရာမှ ပျောက်ဆုံးခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးအား ဗီဒီယိုဖိုင်တွင် ပါရှိသည့်အတိုင်း မြောက်ဦးမြို့နယ်၊ မကြားရွာအဝင်လမ်းတွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ULA တာဝန်ခံ ဗန်ဒိုခေါင်းဆောင် သည့် အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း၊ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်မှုကြောင့်ပင် နှစ်ဦးစလုံးမှာ သေဆုံးသွား ခဲ့ရကြောင်း သိရှိရပါသည်။
အလားတူ AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ဖမ်းဆီးရမိသူများအား ညှဉ်းပန်းနှိပ်စက်သည့် ဗီဒီယိုဖိုင်များ၊ ရက်စက်စွာ ၀ါးရင်းတုတ်ဖြင့် ရိုက်သတ်သည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိပြီး ၎င်းဖြစ်စဉ်များမှာလည်း AA အကြမ်းဖက်သောင်းကျန်း သူများက ကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ဖြစ်ကြောင်း သတင်းဆက်စပ် ဖော်ထုတ်ရရှိသည်။
AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှု မရှိသည့် ရခိုင်တိုင်းရင်းသားများ အပါအဝင် အခြားအပြစ်မဲ့ပြည်သူများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ သက်ပြည့် အငြိမ်းစား ယူထားသူများ၊ ကျန်းမာရေးကြောင့် အနားယူထားသူများ စသည့် စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို အကြောင်းမဲ့ ဖမ်းဆီး၍ လူမဆန်စွာ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ မကြာခဏ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူ များက သတ်ဖြတ်ခဲ့သော ပြည်သူ ၂၉ ဦးရှိပြီး AA အကြမ်းဖက်သောင်း ကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၂၆ ဦးရှိကြောင်း သိရှိရသည်။
ထိုသို့အကြမ်းဖက် နှိပ်စက်မှုများ၊ လူမျိုးရေး ခွဲခြားမှုများကြောင့် ဒေသခံပြည်သူလူထု၊ လူမှုရေးအသင်းအဖွဲ့များမှ AA အကြမ်းဖက် သောင်းကျန်းသူများအား မကြာခဏ ကြေညာချက်များ ထုတ်ပြန် ကန့်ကွက်လျက်ရှိပြီး ၎င်းတို့၏ လုပ်ရပ်များအပေါ် စက်ဆုပ်ရွံရှာလျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ အပြစ်မဲ့ပြည်သူနှစ်ဦး သေဆုံးရခြင်း ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ဗီဒီယိုဖိုင်ပါ အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား သက်ဆိုင်ရာရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။
Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List