Friday, January 17, 2020

ဂျပန်ဘီလျံနာနဲ့ လကမ္ဘာကို အတူသွားမယ့် ရည်းစားကောင်မလေးဖြစ်ခွင့် လျှောက်ထားသူ ၂၀၀၀၀ ကျော်ရှိလာ


Image may contain: 1 person, smiling, text
ဂျပန်ဘီလီယံနာ ယူဆာကူမာဇဝါနဲ့အတူ လကမ္ဘာကို ခရီးထွက်မယ့် ချစ်သူကောင်မလေးနေရာအတွက် ဝင်ရောက်လျှောက်ထားသူပေါင်း ၂၀၀၀၀ ကျော်ရှိလာခဲ့ပြီလို့ အွန်လိုင်းရုပ်သံဌာန AbemaTV က ကြာသပတေးနေ့ (ဇန်နဝါရီလ ၁၆ ရက်နေ့) မှာ ဖော်ပြပါတယ်။
Elon Musk ရဲ့ SpaceX ကုမ္ပဏီ ပထမဆုံး ပုဂ္ဂလိက ခရီးသည်ဖြစ်လာမယ့် မာဇဝါဟာ အမေရိကန် ဒေါ်လာ ၉ သန်းသုံးကာ လူမှုမီဒီယာမှာ buzz လုပ်ထားခဲ့ပြီး follower တွေ တိုးပွားလာမှုနဲ့အတူ ဂျပန်ရဲ့ လူသိအများဆုံး တွစ်တာအကောင့်ပိုင်ရှင်အဖြစ် နေရာယူထားခဲ့ပါတယ်။
ချစ်သူကောင်မလေး ရွေးချယ်ပွဲအတွက် လျှောက်လွှာခေါ်ယူမှု ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ခွင့်ရမယ့် သူတွေဟာ မာဇဝါနဲ့ သဟဇာတ ဖြစ်မှု ရှိ မရှိဆိုတဲ့ “ချစ်ခြင်းမေတ္တာဆိုင်ရာ စမ်းသပ်မှု”လည်း ယခုအခါ ပါဝင်လာပါတယ်။
“တကယ်လို့ သင် ကိုယ်ပိုင်လေယာဉ်တစ်စီးပေါ်ေရာက်နေရင် ဘယ်ကိုသွားမလဲ” နဲ့ “ တကယ်လို့ မာဇဝါ က သင့်ရှေ့မှာရှိနေရင် သင်ဘာပြောမလဲ” စတဲ့ စိတ်ကြိုက်ရွေးချယ်ရမယ့် မေးခွန်းတွေလည်း ဖြေရမှာဖြစ်ပြီး လျှောက်ထားသူတွေ ဖြေထားတဲ့ အဖြေပေါ်မူတည်ပြီး အမှတ်ပေးမှာဖြစ်ပါတယ်။
လူရွေးချယ်ပွဲကို Abema TV နဲ့ TV Asahi တို့မှာ ထုတ်လွှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။


ခိုင်ခိုင် ( အကုန်သိ သတင်းဌာန )
Ref : channelnewsasia

<<< Unicode Version >>>

ဂျပန်ဘီလျံနာနဲ့ လကမ္ဘာကို အတူသွားမယ့် ရည်းစားကောင်မလေးဖြစ်ခွင့် လျှောက်ထားသူ ၂၀၀၀၀ ကျော်ရှိလာ

------ ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) ------

ဂျပန်ဘီလီယံနာ ယူဆာကူမာဇဝါနဲ့အတူ လကမ္ဘာကို ခရီးထွက်မယ့် ချစ်သူကောင်မလေးနေရာ အတွက် ဝင်ရောက်လျှောက်ထားသူပေါင်း ၂၀၀၀၀ ကျော်ရှိလာခဲ့ပြီလို့ အွန်လိုင်းရုပ်သံဌာန AbemaTV က ကြာသပတေးနေ့ (ဇန်နဝါရီလ ၁၆ ရက်နေ့) မှာ ဖော်ပြပါတယ်။
Elon Musk ရဲ့ SpaceX ကုမ္ပဏီ ပထမဆုံး ပုဂ္ဂလိက ခရီးသည်ဖြစ်လာမယ့် မာဇဝါဟာ အမေရိကန် ဒေါ်လာ ၉ သန်းသုံးကာ လူမှုမီဒီယာမှာ buzz လုပ်ထားခဲ့ပြီး follower တွေ တိုးပွားလာမှုနဲ့အတူ ဂျပန်ရဲ့ လူသိအများဆုံး တွစ်တာအကောင့်ပိုင်ရှင်အဖြစ် နေရာယူထားခဲ့ပါတယ်။
ချစ်သူကောင်မလေး ရွေးချယ်ပွဲအတွက် လျှောက်လွှာခေါ်ယူမှု ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ခွင့်ရမယ့် သူတွေဟာ မာဇဝါနဲ့ သဟဇာတ ဖြစ်မှု ရှိ မရှိဆိုတဲ့ “ချစ်ခြင်းမေတ္တာဆိုင်ရာ စမ်းသပ်မှု”လည်း ယခုအခါ ပါဝင်လာပါတယ်။
“တကယ်လို့ သင် ကိုယ်ပိုင်လေယာဉ်တစ်စီးပေါ်ရောက်နေရင် ဘယ်ကိုသွားမလဲ” နဲ့ “ တကယ်လို့ မာဇဝါ က သင့်ရှေ့မှာရှိနေရင် သင်ဘာပြောမလဲ” စတဲ့ စိတ်ကြိုက်ရွေးချယ်ရမယ့် မေးခွန်းတွေလည်း ဖြေရမှာဖြစ်ပြီး လျှောက်ထားသူတွေ ဖြေထားတဲ့ အဖြေပေါ်မူတည်ပြီး အမှတ်ပေးမှာဖြစ်ပါတယ်။
လူရွေးချယ်ပွဲကို Abema TV နဲ့ TV Asahi တို့မှာ ထုတ်လွှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Ref : channelnewsasia

No comments:

Post a Comment

My Blog List