Wednesday, January 15, 2020

ဥပဒေရှေ့မှောက်ရောက်ရှိလာသူ အားလုံးအညီအမျှ ဖြစ်စေရန် တရားရေးမဏ္ဍိုင်အနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်ကြရမည်ဟုနိုင်ငံတော်သမ္မတမှာကြား

Image may contain: 1 person

ဥပဒေရှေ့မှောက်ရောက်ရှိလာသူ အားလုံးအညီအမျှ ဖြစ်ရမည်ဖြစ်ပြီး တရားရေးမဏ္ဍိုင်အနေဖြင့် တည်ဆဲဥပဒေများအတိုင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က လမ်းညွှန်မှာကြားလိုက်သည်။

လဟယ်မြို့ မာလာတောင်ခန်းမ၌ မနေ့ကပြုလုပ်သည့်တွေ့ဆုံပွဲတွင် လမ်းညွှန်မှာကြားလိုက်ခြင်းဖြစ်ကာဝန်ထမ်းများ နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိကြပြီး ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်းထက် စေတနာပါပါ မေတ္တာ ထားပြီး ထမ်းဆောင်ပေးကြစေလိုကြောင်းပါ သမ္မတဦးဝင်းမြင့်က ပြောဆိုခဲ့သည်။
“တရားဥပဒေစိုးမိုးရေးရှိမှ မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီဟာ ခိုင်မြဲမှာဖြစ်ပါတယ်။ ဒီမိုကရေစီခိုင်မြဲမှလည်း မိမိတို့ နိုင်ငံသူနိုင်ငံသားများ၏ မွေးရာပါအခွင့်အရေး၊ အခြေအခံ လူ့အခွင့်အရေးများ ရရှိမည်ဖြစ်ပါတယ်“ဟု နိုင်ငံတော်သမ္မတကပြောသည်။
ယင်းနောက် ဝန်ထမ်းများနှင့်စပ်လျဉ်းပြီး ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှ ကျခံသုံးစွဲသည့် လစာနှင့် ချီးမြှင့်ငွေကို ခံစားနေကြသည့်သူများဖြစ်၍ နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိရန် လိုအပ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။
“ နိုင်ငံ့ဝန်ထမ်း တာဝန် ထမ်းဆောင်သည့်အခါ ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်းထက် စေတနာပါပါ မေတ္တာ ထားပြီး ထမ်းဆောင်ပေးကြစေလိုပါတယ်။ ဝန်ထမ်းများအနေဖြင့် ပြည်သူကိုကောင်းမွန် သည့် ဝန်ဆောင်မှုပေးရမည်ဖြစ်ပါကြောင်း၊ ကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်သည် နှင့်အမျှ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုများစွာ အထောက်အကူဖြစ်မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအားလုံးကို လုံခြုံမှုနှင့် လွတ်လပ်မှုကို အကာအကွယ်ပေး သည့် အုပ်ချုပ်ရေးပုံစံ ဖြစ်စေလိုပါကြောင်း၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်က တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List