Wednesday, January 15, 2020

၀င်ငွေရှုံးခဲ့တဲ့ဇာတ်ကားအကြောင်း ပြောပြလာတဲ့ မိုးဟေကို

မိုးရုပ်ရှင်ထုတ်လုပ်ရေးကိုထူထောင်ထားပြီး ပရိသတ်အတွက် ရသစုံရုပ်ရှင်တွေထုတ်လုပ်နေတဲ့ မိုးဟေကိုက သူမထုတ်လုပ်ရေးရဲ့ဇာတ်ကားတိုင်း ပရိသတ်နဲ့ ကွက်တိကျတာမဟုတ်ခဲ့ဘူးလို့ဆိုပါတယ်။

" မိုးအနေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ကတည်းက စရိုက်ခဲ့တဲ့ ဇာတ် ကားကစလို့ ခုလက်ရှိအချိန်ထိ ပရိသတ်ကို အကောင်းဆုံးတွေပေး မယ်ဆိုတဲ့စိတ်တွေနဲ့ပဲ မိုးတို့ထုတ်ခဲ့ကြတယ်။ ပရိသတ်ကြိုက် မယ်ထင်တဲ့ဇာတ်ကားတွေလည်း မှန်းပြီးထုတ်လုပ်ရတယ်။ ဒရာမာ၊ ဟာသ၊ အက်ရှင်စတဲ့ ဇာတ်လမ်းပုံစံစုံရိုက်ကူးနိုင် ဖို့ကြိုးစားပြီး ရိုက်ခဲ့တယ်။ တစ်ခါတလေ ပရိသတ်အကြိုက်နဲ့ ကွက်တိကျသွားတဲ့ဇာတ်ကားတွေလည်းရှိသလို ကွက်တိမ ကျတဲ့ ဇာတ်ကားတွေလည်းရှိတယ်။ တချို့ဇာတ်ကား တွေဆို ဝင်ငွေအရရော အနုပညာအရရော အောင်မြင်ခဲ့ သလို တချို့ဇာတ်ကားတွေလည်း ထင်သလောက်မဖြစ်ခဲ့ ဘူး။ ဒါပေမဲ့ ဒါကအလုပ်လုပ်နေတာဖြစ်လို့ မြတ်တာရော၊ ရှုံးတာရော ခံနိုင်ရည်ရှိရမယ်။ ရှေ့သွားနောက်လိုက် ဇာတ် ကားကြီးဆိုလည်း အနုပညာအရ အောင်မြင်ပေမဲ့ ဝင်ငွေ အရရှုံးခဲ့တယ်။ ဒါပေမဲ့ ဒါကိုလက်ခံနိုင်ရမှာပဲ။ ဒါဟာ အလုပ်လုပ်နေတာပဲလေ။ ကိုယ်လုပ်နိုင် သလောက် အကောင်းဆုံးလုပ်တယ်။ ထင်သလောက် မရလာရင် လိုအပ်ချက်တွေ ကိုပြန်ပြီး သုံးသပ်ရမယ်။ နောက် တစ်ခါ ပြန်ပြီးဖြည့်မယ်။ အဲ့လို စိတ်နဲ့ပဲ လုပ်ပါတယ်" လို့ ပြောခဲ့ပြီး လတ်တလော မှာတော့ သူမရဲ့ မိုးရုပ် ရှင်ထုတ်လုပ်ရေးက ရိုက် ကူးထားတဲ့ရွာကျော်မိကဲ ဇာတ်ကားရုံတင်တော့မှာဖြစ်လို့ ပရိသတ်တွေ အပန်းဖြေရင်းအား ပေးပါလို့ ပြောပါတယ်။
စောရတီနိုင်
Unicode
ဝင်ငွေရှုံးခဲ့တဲ့ဇာတ်ကားအကြောင်း ပြောပြလာတဲ့ မိုးဟေကို

Photo: Facebook

No comments:

Post a Comment

My Blog List