Tuesday, January 14, 2020

ဂျော်ဒန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဂျက်လေယာဉ်မှူးဖြစ်လာတဲ့ တော်ဝင်မင်းသမီး

Image may contain: 2 people, people standing and suit
တော်ဝင်မင်းသမီး Salma ဟာ ဂျော်ဒန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လေယာဉ်မှူး သင်တန်းကို တက်ရောက်ပြီးဆုံးခဲ့ပြီးနောက် ဂျော်ဒန်ဘုရင် Abdullah II က သမီးဖြစ်သူကို လေယာဉ်မှူးဘွဲ့တံဆိပ်ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ တော်ဝင် Hashemite ရုံးတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် မင်းသမီးဟာ ပဏာမ လေယာဉ်မှူးသင်တန်းကို အောင်မြင်ခဲ့တဲ့ ပထမဆုံး ဂျော်ဒန်အမျိုးသမီးဖြစ်ပါတယ်။

ဂျော်ဒန်နိုင်ငံ မြို့တော် Amman ရှိ Al Husseiniya နန်းတော်မှာ ပြုလုပ်တဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဘုရင်မ Rania Al Abdullah၊ အိမ်ရှေ့မင်းသား Al Hussein bin Abdullah II နဲ့အတူ ဂျော်ဒန်တော်ဝင် တပ်မှူးတွေနဲ့ အခြားစစ်ဘက်ဆိုင်ရာ အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။ “ အမြဲ ထူးချွန်ထက်မြက်အောင် ကြိုးစားအားထုတ်နေပါ၊ သင်တန်းဆင်းပွဲအတွက် ဂုဏ်ယူပါတယ်၊ အခုထက်ပိုပြီး အောင်မြင်ပေါက်မြောက်ပါစေ”လို့ ဂျော်ဒန်အိမ်ရှေ့မင်းသားက သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ရေးသားထားခဲ့ပါတယ်။
တော်ဝင်မင်းသမီး Salma ဟာ တောင်ပံတပ်လေယာဉ်အမျိုးအစားတွေအတွက် လေယာဉ်မှူးသင်တန်းကို ပြီးဆုံးခဲ့တဲ့ ပထမဆုံး ဂျော်ဒန်အမျိုးသမီး ဖြစ်သော်လည်း ယေဘုယျအားဖြင့်တော့ သူမဟာ လေယာဉ်မှူးသင်တန်းကို ပြီးမြောက်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး တစ်ယောက်တော့ မဟုတ်ပါဘူး။ အမေရိကန်စစ်တပ်ရဲ့ ဖော်ပြမှုအရ ဂျော်ဒန်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ရဟတ်ယာဉ်မှူးဟာ Cadet Aye Basheer Ibrahim Alsourany ဖြစ်ပြီး ၂၀၁၈ ခုနှစ်က Pennsylvania မှာ သင်တန်းပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။ 
ခိုင်ခိုင်(အကုန်သိ သတင်းဌာန)
Unicode Version
ဂျော်ဒန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဂျက်လေယာဉ်မှူးဖြစ်လာတဲ့ တော်ဝင်မင်းသမီး
------ခိုင်ခိုင်(အကုန်သိ သတင်းဌာန)------

တော်ဝင်မင်းသမီး Salma ဟာ ဂျော်ဒန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လေယာဉ်မှူး သင်တန်းကို တက်ရောက်ပြီးဆုံးခဲ့ပြီးနောက် ဂျော်ဒန်ဘုရင် Abdullah II က သမီးဖြစ်သူကို လေယာဉ်မှူးဘွဲ့တံဆိပ်ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ တော်ဝင် Hashemite ရုံးတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် မင်းသမီးဟာ ပဏာမ လေယာဉ်မှူးသင်တန်းကို အောင်မြင်ခဲ့တဲ့ ပထမဆုံး ဂျော်ဒန်အမျိုးသမီးဖြစ်ပါတယ်။
ဂျော်ဒန်နိုင်ငံ မြို့တော် Amman ရှိ Al Husseiniya နန်းတော်မှာ ပြုလုပ်တဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဘုရင်မ Rania Al Abdullah၊ အိမ်ရှေ့မင်းသား Al Hussein bin Abdullah II နဲ့အတူ ဂျော်ဒန်တော်ဝင် တပ်မှူးတွေနဲ့ အခြားစစ်ဘက်ဆိုင်ရာ အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။ “ အမြဲ ထူးချွန်ထက်မြက်အောင် ကြိုးစားအားထုတ်နေပါ၊ သင်တန်းဆင်းပွဲအတွက် ဂုဏ်ယူပါတယ်၊ အခုထက်ပိုပြီး အောင်မြင်ပေါက်မြောက်ပါစေ”လို့ ဂျော်ဒန်အိမ်ရှေ့မင်းသားက သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ရေးသားထားခဲ့ပါတယ်။
တော်ဝင်မင်းသမီး Salma ဟာ တောင်ပံတပ်လေယာဉ်အမျိုးအစားတွေအတွက် လေယာဉ်မှူးသင်တန်းကို ပြီးဆုံးခဲ့တဲ့ ပထမဆုံး ဂျော်ဒန်အမျိုးသမီး ဖြစ်သော်လည်း ယေဘုယျအားဖြင့်တော့ သူမဟာ လေယာဉ်မှူးသင်တန်းကို ပြီးမြောက်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး တစ်ယောက်တော့ မဟုတ်ပါဘူး။ အမေရိကန်စစ်တပ်ရဲ့ ဖော်ပြမှုအရ ဂျော်ဒန်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ရဟတ်ယာဉ်မှူးဟာ Cadet Aye Basheer Ibrahim Alsourany ဖြစ်ပြီး ၂၀၁၈ ခုနှစ်က Pennsylvania မှာ သင်တန်းပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။ jpost.com

No comments:

Post a Comment

My Blog List